ဝက်အမြီးဖြတ်တာကို ဘာကြောင့်လုပ်ကြတာလဲ

29/08/2021 19:41 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    အသားတိုးမွေးမြူမည့် ဝက်များအား အမြီးဖြတ်သင့်ပါသည်။ ဝက်အမြီးသည် မှတ်၊ ခြင်၊ ယင်တို့ မောင်းထုတ်ရာတွင်အသုံးပြုကြသည်။

    အသားတိုးဝက်များတွင် မွေးမြူသက်တမ်းတိုခြင်းနှင့် ဝက်လတ်အရွယ်တွင် တစ်စုတစ်ဝေးတည်းထားပါက တစ်ကောင်၏အမြီးကို တစ်ကောင်ကိုက်မိပြီး ဒဏ်ရာမှတစ်ဆင့် ရောဂါပိုးဝင်ရောက်နိုင်ခြင်း၊ အမြီး၏လှုပ်ခတ်မှုသည် ခန္ဓာကိုယ်မှ စွမ်းအင်ဆုံးရှုံးမှုကို ဖြစ်စေခြင်းတို့ကြောင် ဝက်မြီးဖြတ်ခြင်းတို့ကို ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။

     အမြီးဖြတ်ခြင်းကို ဝက်ငယ်အသက် (၂-၇) ရက်အတွင်း ဆောင်ရွက်သင့်ပါသည်။

    မေးခိုင်ကာကွယ်ဆေးကို ကြိုတင်ထိုးနှံပြီး အမြီးရင်းမှ လက်မဝက်အကွာတွင် အမြီးဖြတ်ပလိုင်ယာ (Sidecutting pliers) ဖြင့် ဖြတ်နိုင်သည်။ ဖြတ်သည့်ဒဏ်ရာကို ပျောက်ကင်းသည်အထိ အိုင်အိုဒင်းဆေးရည် သုတ်လိမ်းပေးပါ။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်