ရန်ကုန်၊ နိုဝင်ဘာ ၁ ရက်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြေဧက ၃၀၀ ကျော်ကို မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးလျှင် တစ်ဧကနှုန်းဖြင့် မွေးမြူရေးဇုန်အဖြစ်သို့ သတ်မှတ်လုပ်ကိုင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ဖောင်ကြီး-မင်းကုန်း ကားလမ်းဘေးတွင် စည်ပင်သာယာရေးကော်မတီပိုင် မြေဧက ၃၀၀ ကျော်ရှိပြီး မြေဧကပေါ်မှာ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးလျှင် တစ်ဧကဆီပေးကာ လုပ်ကိုင်ခွင့်ပေးရန်အတွက် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။
မြေဧက ၃၀၀ ကျော်မှာ တစ်ဧကကွက်တွေဖော်ပြီးတော့ လမ်းတွေပါလုပ်ဖို့လိုသေးတယ်။ ဒါတွေလုပ်ပြီးရင် စနစ်တကျ နေရာချထားပေးမယ်။ မွေးမြူရေးဇုန်လုပ်မယ်။ ဒီလိုလုပ်ဖို့ တိုင်းဒေသကြီးကို တင်ပြမယ်။ အတည်ပြုပြီးသွားရင် အဲ့နေရာကို ပြောင်းရွှေ့မယ်
လက်ရှိတွင် တောင်ဥက္ကလာပ၊ သင်္ဃန်ကျွန်း၊ သာကေတ၊ မြောက်ဥက္ကလာပ၊ ဒေါပုံမြို့နယ်အပြင် downtown နှင့် ၁၉ မြို့နယ်ကို တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်မရှိသည့် နယ်မြေအဖြစ် သတ်မှတ်ထားကြောင်းသိရသည်။
ထို့ကြောင့် ရန်ကုန်မြို့တွင်း၌ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းကို ခွင့်ပြုပေးမည်မဟုတ်ဘဲ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ချင်ပါက ယင်းနေရာသို့ ပြောင်းရွေ့ဆောင်ရွက်ခွင့်ပေးမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာနယ်နမိတ် ၃၃ မြို့နယ်ကို နောက်ပိုင်းမှာ လုံးဝ မွေးမြူရေးလုပ်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အေးအေးမြင့်(ABM)
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ