မှော်လိုအစွမ်းထက်တဲ့ ရှားစောင်းအမြစ်ထွက်ဟော်မုန်း

26/07/2019 15:00 PM တွင် Ixora Home Garden -ပုံဏ္ဍရိပ်ဥယျာဉ်ခြံ Ixora Home Garden -ပုံဏ္ဍရိပ်ဥယျာဉ်ခြံ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မှော်လိုအစွမ်းထက်တဲ့ ရှားစောင်းအမြစ်ထွက်ဟော်မုန်း

သစ်သီးဝလံ ပန်းမန်ပင်တွေ ကိုင်းကူး မျိုးပွားချင်သူတွေအတွက် မိုးရာသီလည်း ရောက်ပြီဖြစ်လို့ အမြစ်ထွက်မြန်မယ့် နည်းလမ်းလေးတစ်ခုကိုပြောပြချင်ပါတယ်

ကိုင်းကူး ကိုင်းဆက် လုပ်ရင်ပဲဖြစ်ဖြစ် ကိုင်းဖြတ်ပြီး စိုက်ရင်ပဲဖြစ်ဖြစ် ဒီရာသီက အသင့်တော်ဆုံးရာသီပါ။ ဒါပေမယ့် နည်းလမ်းမမှန်လို့ အမြစ်ထွက်မမြန်ရင်တော့ အောင်မြင်မှာမဟုတ်ပါဘူး။ အမြစ်ထွက်ဟော်မုန်းပြုလုပ်နည်းတွေများစွာ ရှိတဲ့အထဲကမှ ကျွန်မတို့ပတ်ဝန်းကျင်မှာလွယ်လွယ်ကူကူတွေ့ရပြီး ထိရောက်မှုရှိတဲ့ အမြစ်ထွက်မြန်အောင်လုပ်နည်းလေးကို ပြောပြချင်ပါတယ်။ လိုအပ်တဲ့ပစ္စည်းကတော့ ရှားစောင်လက်ပတ်တစ်မျိုးထဲပါ။

နည်းလမ်း ၁

  • ရှားစောင်းလတ်ပတ်အသားကိုထုတ်ယူပြီး ပျိုးထုပ်မြေနဲ့ ရောနှောစိုက်ပျိုးမယ်ဆိုရင်တော့ ဘာမှမထည့်ဘဲ ပျိုးထောင်တာထက် ပိုတဲ့အကျိုးကျေးဇူးကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။

နည်းလမ်း ၂

  • ဒါမှမဟုတ် ပျိုးထောင်မယ့်အကိုင်းကို ရှားစောင်းရွက်နဲ့ ထိုးစိုက်ပြီးမှ ပျိုးအိပ်ထဲမှာ ပျိုးထောင်နိုင်ပါတယ်။

  • အရွက်တွေအကုန်ဖယ်လိုက်ပြီး သစ်ကိုင်းအရိုးလေးမှာ ရှားစောင်းရွက်လေးကို ထိုးစိုက်လိုက်ပါ။

  • ပြီးရင်တော့ ပျိုးအိတ်ထဲမှာ ပျိုးထောင်နေကြအတိုင်း မြေဆွေး သဲ ရေ တို့ကိုအချိုးကျရောစပ်ပြီး ပျိုးထောင်နိုင်ပါပြီ။

  • ပျိုးထုပ်ရဲ့အပေါ်ကနေ ပလပ်စတစ်အိတ်နဲ့အုပ်ထားလိုက်ပြီး မိုးလုံ ၊လေလုံပြုလုပ်ပေးဖို့လည်း လိုပါသေးတယ်။

နည်းလမ်း ၃

  • ရှားစောင်းအရွက်ထဲက ဂျယ်အနှစ်တွေကိုထုတ်ပြီး ဇွန်းနဲ့ချေပါ။ ချေရတာလွယ်ကူအောင် ရေအနည်းငယ် သုံးလို့ရပါတယ်။ ပျိုးထောင်ချင်တဲ့ကိုင်းကို ဂျယ်အနှစ်တွေထဲမှာ လူးနယ်ပြီး စိုက်ပါ။ဒီလိုနည်းလမ်းသုံးလို့ရပါတယ်။

ကိုင်းဖြတ်စိုက်တဲ့အခါ ခဲတံလုံးလောက်အရွယ်တွေက အဆင်အပြေဆုံးပါ။ တည့်တည့်ကြီးမဖြတ်ဘဲ ခပ်စောင်းစောင်းလေး ဖြတ်ဖို့လည်မမေ့ပါနဲ့။

ဒါဆိုရင်တော့ အမြစ်ထွက်ဖို့စိတ်ချရတဲ့ ပျိုးပင်ကိုရရှိမှာပါ။ဒီနည်းလမ်းက အမြစ်ထွက်ဓာတု ဆေးမှုန့်တွေအသုံးမပြုဘဲ ထိရောက်တဲ့အကျိုးအာနိသင်ကို ရရှိနိုင်ပါတယ်။ ရှားစောင်းလတ်ပတ်ကိုသုံးပြီး အောင်မြင်တဲ့ပျိုးပင်ပေါက်တွေ ရရှိပိုင်ဆိုင် နိုင်ပါပြီ။

သိမ့်ဇာဇာအောင်

ကိုးကားချက်များ

-https://www.youtube.com/watch?v=KEhFBep7BTo

https://www.chronicle.co.zw/agriculture-column-aloe-vera-an-agricultural-option/

 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်