အမိုင်လို့စ်ရာခိုင်နှုန်းနှင့် ဆန် စေးခြင်း၊ မာခြင်း၊ ပျော့ခြင်း

04/02/2021 14:30 PM တွင် Call center Call center မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ဆန် (eating quality) ၏ စေးခြင်း၊ မာခြင်း၊ ပျော့ခြင်း (Physico chemical composition) ကိုသိလိုပါသည်။ (ဥပမာ- ပေါ်ဆန်းမွှေး၊ မနောသုခ၊ မဂျမ်းတော တို့၏ အပျော့အမာမတူပါ)၊ စပါးအုပ်စုနှင့် အမိုင်လို့စ် ဆက်စပ်မှုရှိပါသလား။ (ရင်သွဲ့စိုး၊ Viber)

    ဆန်၏ မာခြင်း၊ ပျော့ခြင်းသည် ပါဝင်သည့် အမိုင်လို့စ်ရာခိုင်နှုန်းပေါ် မူတည်ပါသည်။ အမိုင်လို့စ်ရာခိုင်နှုန်းနည်းလျှင် ပျော့/စေးသည်။  အမိုင်လို့စ်ရာခိုင်နှုန်းများလျှင် မာ/ကြမ်းသည်။ 

    (ဥပမာ-ကောက်ညှင်းတွင် အမိုင်လို့စ် ၀-၁၀%၊ ပုလဲသွယ်တွင် ၂၅.၃%၊ မြန်မာနိုင်ငံရှိ စပါးမျိုးများအားလုံး တွင် ၀-၃၂% ရှိပါသည်။ Indica နှင့် Japonica စပါးအုပ်စုများတွင် အမိုင်လို့စ်ပါဝင်မှုကွဲပြားပါသည်။ ဧည့်မထလတ်-၂၁.၇% ၊ ဧည့်မထစော-၂၆.၆%၊ မီးကောက်-၂၆.၉% (မီးဒုံးနှင့် မီးကောက် မကွာပါ)။

စိုက်ပျိုးရေးဦးစီးဌာန-call center


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်