မကွေးခရိုင် မြို့သစ်မြို့နယ် ရေပြည့်ကျေး ရွာ Good Brothers Co.,Ltd. ၏ နွား မွေးမြူရေးခြံ၌ နွားမျိုးကောင်းမျိုးသန့် ၁၆၄ ကောင်မွေးမြူထားပြီး ဒေသခံကျေးရွာငါးရွာမှ တောင်သူများအား နွား ၆၁ ကောင်ကို မွေး ဖက်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေး၍လည်းကောင်း၊ မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ရှိ အောင်ခေတ်စံကုမ္ပဏီက နွားမမျိုးကောင်း မျိုးသန့် ၈၀ဝ ကျော်မွေးမြူထားပြီး ဒေသခံ တောင်သူများအား နွားမကောင်ရေ ၇၀ ကို မွေးဖက်ပေးစနစ်ဖြင့်လည်းကောင်း၊ ပခုက္ကူ ခရိုင် ရေစကြိုမြို့နယ် မအူကျောက်ဖူးကျေးရွာ ရှိ ဦးဇော်နိုင်၏နွားမွေးမြူရေးခြံတွင် ခြံပေါက် နွားကောင်ရေ ၅၀ဝ ကျော် မွေးမြူထားပြီး ဒေသခံတောင်သူများအား နွားမကောင်ရေ ၃၀ ကို မွေးဖက်ပေးစနစ်ဖြင့်လည်းကောင်း ဖြန့်ဝေမွေးမြူထားသည်။
East West Seed Myanmar ကြော်ငြာ
မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ