ကျွဲ၊ နွားများတွင် အဖြစ်များသော ဒေါင့်သန်းရောဂါ

07/06/2022 11:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

 ကျွဲ၊နွားများတွင်အဖြစ်များသော ဒေါင့်သန်းရောဂါမှာ ဘက်တီးရီးယားပိုး( Bacteria) ကြောင့် ဖြစ်ပွားရပါသည်။ ဒေါင့်သန်းရောဂါကိုဖြစ်စေသော ဘက်တီးရီးယားပိုးသည် အပူ၊အအေးဒဏ်နှင့် ပဋိဇီဝဆေးအချို့ကို ခံနိုင်ရည်ရှိပြီး မြေကြီးထဲတွင် နှစ်ပေါင်းများစွာ ရှင်သန်နိုင်ကြသည်။

ရောဂါလက္ခဏာများ အနေဖြင့် -

-ရောဂါဖြစ်သောတိရစ္ဆာန်သည် ကိုယ်အပူချိန် ၁၀၇ ဒီဂရီ ဖာရင်ဟိုက်အထိတက်ခြင်း၊

-မျက်စိများ နီရဲနေခြင်း၊

-အစာ မစားခြင်း၊

-စားမြုံ့ မပြန်ခြင်း၊

-နို့ မထွက်ခြင်း၊

-တခါတရံ သားလျှောခြင်းများ တွေ့ရတတ်ပါသည်။

-နောက်ပိုင်းတွင် အသက်ရှူကျပ်၍ ယိမ်းယိုင်ခြင်း၊ရုန်းကန် ခြင်းများဖြစ်ကာ သေဆုံးတတ်ပါသည်။

-သေဆုံးပြီးနောက် ဒွာရပေါက်များမှ သွေးများယိုစီးခြင်းကို တွေ့ရပါမည်။

 သတိပြုရမှာကဒေါင့်သန်းရောဂါဖြစ်ပြီး သေဆုံးသွား သည့်တိရစ္ဆာန်ကို ခွဲစိတ်စစ်ဆေးခြင်း မပြုလုပ်ရပါ။ မြေမြုပ် ပစ်ရပါမည်။

ရောဂါကူးစက်ပြန့်ပွားပုံမှာ

- ရောဂါပိုးရှိသည့်မြေတွင်ပေါက်သည့် မြက်များ၊အခြား အစားအစာများအား စားမိခြင်းဖြင့်လည်းကောင်း၊ ထိခိုက်ရှနာမှ တဆင့်သော်လည်းကောင်း၊ ခန္ဓာကိုယ်အတွင်းသို့ ရောဂါကူးစက်ဝင်ရောက်နိုင်ပါသည်။

ကာကွယ်ခြင်း

           မွေးမြူရေးနှင့်  ကုသရေးဦးစီးဌာနမှ ဒေါင့်သန်းရောဂါ ကာကွယ်ဆေးကို အသက်(၄)လအထက် ကျွဲ၊ နွားများကို ၁နှစ်လျှင် ၁ကြိမ် ထိုးနှံပေးခြင်းဖြင့် ကာကွယ်မှု ပေးနိုင်ပါသည်။ ဆေးထိုးပြီး ၅ရက်မှ ၁၂ရက် အကြာတွင် ရောဂါခံနိုင်ရည်စွမ်း အားကို ရရှိပါမည်။

ကုသခြင်း

      ပင်နဆလင် (Penicillin)၊ အောက်စီတက်ထွာဆိုက်ကလင်း(Oxytetracycline) စသော ပဋိဇီဝဆေးများအား ရောဂါဖြစ်စ တွင် ထိုးနှံကုသပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်