တိုင်းရင်းကြက်ရဲ့ရောဂါအချို့အတွက် ပင်စိမ်းပင်နဲ့ကုသပါ

30/08/2021 12:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

၁။ ပင်စိမ်း အရွက်ကို ကြက်စာထဲ ရောထည့်ကျွေးခြင်းဖြင့် အူလမ်းကြောင်း၊ ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ်တတ်သောရောဂါများကင်းဝေးပြီး အစာခြေစနစ်ကိုကောင်းမွန်စေပါသည်။

၂။ ပင်စိမ်း အရွက်ကို ရေထဲတွင်စိမ်ပြီး ကြက်များကိုတိုက်ပါက ကိုယ်တွင်းကပ်ပါးပိုးများ ကပ်ရောက်ခြင်းကို ကာကွယ်ပေးပါသည်။

၃။ ပင်စိမ်း အရွက်ကို သံပုရာရည်ရော၍ကျိတ်ပြီး လိမ်းပေးပါက ကြက်ပွေး၊ ဝဲနှင့်ယားနာများ ပျောက်ကင်းစေပါသည်။

၄။ ပင်စိမ်းစေ့ကို ကောင်းစွာကျိတ်ပြီး ကြက်အစာထဲထည့်‌ကျွေးလျှင် ဆီး၊ ဝမ်းနှင့်ပတ်သက်သောရောဂါများ ပျောက်ကင်း​​စေပါသည်။

၅။ ပင်စိမ်း သတ္တုရည်ကို သံပုရာရည်ရောပြီး ကြက်အိပ်တန်းနှင့် ဥတင်းအတွင်း ပက်ဖျန်းပေးပါက ကြက်သန်း၊ ကြက်လှေးနှင့်မွှားများကင်းဝေးစေမည်။

၆။ ကြက်များ ပြတ်ရာ ထိခိုက်ရှနာများဖြစ်ပါက ပင်စိမ်း အရွက်ထည့်ပေးခြင်းဖြင့် လျှင်မြန်စွာပျောက်ကင်းစေပါသည်။

၇။ ကြက်ခြံအနီးနှင့် ပတ်ပတ်လည်တွင် ပင်စိမ်းအရွက်များထားခြင်း(သို့) ပတ်ပတ်လည်တွင်စိုက်လျှင် ခြင်၊ ယင်၊ ပိုးကောင်၊ မြွေများ ကင်းဝေးမည် ဖြစ်သည်။  ထို့ကြောင့်အိမ်တွင် ပင်စိမ်းအပင်စိုက်ခိုင်းခြင်းဖြစ်သည်။

၈။ ပင်စိမ်းပင်သည် တစ်ရက်လျှင် နာရီပေါင်း ၂၀ ခန့် Oxygen ထုတ်လွှတ်ပေးသောကြောင့် လေထုညစ်ညမ်းခြင်း၊ ခြံအနံ့ဆိုးထွက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ရောဂါများ ဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးပါသည်။

ကိုးကား- ဆရာမ ဖြူဖြူ ၏ ”ပင်စိမ်းနှင့်ကြက်ကျန်းမာရေး” အကြောင်း။ 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်