သစ်ချသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

13/06/2022 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

 

အင်္ဂလိပ်အမည် - Chestnut

သိပ္ပံအမည် - Eleocharis dulcis

“သစ်ချသီးလှော် ပူပူလေး” ဆိုတဲ့ ဈေးသည်တွေရဲ့ အသံကို ရပ်ကွက်တွေထဲမှာ တဖန် ကြားလာရပြန်ပါပြီ။

ရာသီစာဖြစ်တဲ့ သစ်ချသီးကို မစားဖူးတဲ့သူတော့ အတော်ရှားမယ်ထင်ပါတယ်။ သစ်ချသီးကို ပြုတ်စားလို့လည်း ရပေမဲ့ အများအားဖြင့်တော့ လှော်စားကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် သစ်ချသီးအမှုန့်ကို  ပေါင်မုန့်၊ အကင်၊ အစားအသောက် ပေါင်းတာမျိုးတွေနဲ့ ကြော်တဲ့နေရာတွေမှာလည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။  သူ့ရဲ့အရသာဟာ အစေ့အဆန်တွေရဲ့ သဘာဝအတိုင်း စိမ့်စိမ့်လေးနဲ့ အတော်လေး စားလို့ကောင်းပါတယ်။

သစ်ချသီးဟာ အခွံမာသီးတွေရဲ့ သဘာဝအတိုင်း ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေရှိနေတာကြောင့် ပုံမှန်စားသုံးပေးသင့်တဲ့ အခွံမာသီးတစ်မျိုးလည်း ဖြစ်ပါတယ်။

စားလို့ကောင်းရုံတင်မကဘဲ ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူ ပြုပေးနိုင်တာကြောင့် ယခုဆောင်းပါးကနေတဆင့် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။  

ပါဝင်သော အာဟာရဓာတ်များ

အမျှင်ဓာတ်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖောရပ်စ်၊ ပိုက်တက်စီယမ်၊ ဆိုဒီယမ်၊ ဗီတာမင် စီ၊ ဖောလိတ် (folate)၊ ဗီတာမင် အေ စတဲ့ အာဟာရဓာတ်တွေ အများဆုံးပါဝင်နေပြီး အခြားသော အာဟာရဓာတ်များစွာလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဦးနှောက်ရဲ့ လုပ်ဆောင်ချက်များကို တိုးတက်ကောင်းမွန်စေခြင်း

သစ်ချသီး စားသုံးခြင်းကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ သိမြင်နိုင်စွမ်းတွေကို တိုးတက်ကောင်းမွန် စေနိုင်ပါတယ်။ ဒီအခွံမာသီးမှာ ဗီတာမင် ဘီ အုပ်စုဖြစ်တဲ့ ဖောလိတ် (folate)၊ ရွိုင်ဘိုဖလာဗင် (riboflavin) နဲ့ သိုင်ယာမင် (thiamin) ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး အာရုံကြောဆိုင်ရာဖွံ့ဖြိုးမှုတွေနဲ့ လုပ်ဆောင်ချက်တွေကို အထောက်အကူပြုပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်ချသီးမှာပါဝင်နေတဲ့ ပိုတက်စီယမ်ဓာတ်ဟာ ဦးနှောက်ဆီကို သွေးစီးဆင်းမှုတိုးစေနိုင်ပြီး အာရုံကြောစနစ်များကို ကောင်းမွန်စေကာ အာရုံစူးစိုက်မှုနဲ့ မှတ်ဥာဏ်များကိုလည်း တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ကိုယ်ခံအား ကောင်းစေခြင်း

ဗီတာမင် စီနဲ့ အခြားသော ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ မြင့်မားစွာပါဝင်နေခြင်းဟာ ကိုယ်ခံစွမ်းအားကောင်းစေဖို့ အထောက်အကူပြုပေးနိုင်တာ ဖြစ်ပါတယ်။ သစ်ချသီးကို ပြုတ်ပြီးစားမယ်ဆိုရင်တော့ ဗီတာမင် စီဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဗီတာမင် စီဓာတ်တွေဟာ သွေးဖြူဥတွေ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးရုံသာမက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်လည်း လုပ်ဆောင်ပေးကာ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိပစ္စည်းတွေကို ဖယ်ရှားပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှားတွေကိုလည်း ဆန့်ကျင်ပေးနိုင်တာကြောင့် ဖျားနာမှုတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

သွေးဖိအား ထိန်းညှိပေးခြင်း

ပိုတက်စီယမ်ဓာတ်တွေဟာ သွေးဖိအားလျှော့ချရာမှာ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ ခန္ဓာကိုယ်တွင်း ရေတွေရဲ့လှုပ်ရှားမှုကို ထိန်းချုပ်ပေးနိုင်ပြီး ဆိုဒီယမ်ရဲ့အာနိသင်ကို လျော့နည်းစေပါတယ်။ ၎င်းရဲ့ ရလဒ်အနေနဲ့ သွေးစီးဆင်းမှုကို တိုးမြှင့်စေပြီး သွေးကြောကျဥ်းတာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သွေးဖိအားကို ထိန်းညှိပေးနိုင်ပြီး နှလုံးတိုက်ခိုက်ခံရတာမျိုးတွေနဲ့ လေဖြတ်ခြင်းတို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။

အရိုးအဆစ်များအတွက် ကောင်းစေခြင်း

သစ်ချသီးမှာ ပါဝင်တဲ့ ကော့ပါးဓာတ်ဟာ အရိုးအဆစ်များအတွက် တိုက်ရိုက်အကျိုးပြုမှု နည်းပေမယ့် ကော့ပါးဓာတ်ဟာ အရိုးများကြီးထွားဖွံ့ဖြိုးဖို့နဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ဖို့အတွက် အရေးကြီးတဲ့ သံဓာတ်တွေကို စုပ်ယူပေးရာမှာ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ်ဓာတ်ဟာလည်း အရိုးတွင်း သတ္တုဓာတ်တွေတိုးပွားလာစေဖို့ ကူညီပေးနိုင်ပြီး အခြားသော ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကိုလည်း ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သစ်ချသီး ပုံမှန်စားသုံးပေးခြင်းဖြင့် အရိုးအဆစ်များ ကျန်းမာစေပြီး အရိုးပွရောဂါမျိုးတွေကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။  

အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ လျော့နည်းစေခြင်း

သစ်ချသီးဟာ အမျှင်ဓာတ်အများဆုံးပါဝင်နေတဲ့ အခွံမာသီး တစ်မျိုးဖြစ်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို လျော့နည်းသက်သာစေမှာ ဖြစ်ပါတယ်။ အမျှင်ဓာတ်တွေဟာ အစာခြေလမ်းကြောင်း အတွင်းမှာရှိတဲ့ အစာများကို ရွေ့လျားလှုပ်ရှားစေနိုင်တဲ့ ကြွက်သားလှုပ်ရှားမှုတွေကို လှုံ့ဆော်ပေးနိုင်ပြီး အူလမ်းကြောင်းအတွင်း ရောင်ရမ်းခြင်းတွေနဲ့ မအီမသာဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီအမျှင်ဓာတ်‌တွေဟာ စားသုံးလိုက်တဲ့ အစားအစာတွေထဲကနေ အာဟာရဓာတ် စုပ်ယူတဲ့နေရာမှာလည်း ကူညီပေးနိုင်တာကြောင့် ခန္ဓာကိုယ်အတွက် များစွာအကျိုးရှိစေမှာ ဖြစ်ပါတယ်။

Ref: https://www.organicfacts.net/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်