စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရ တွေ့ဆုံပွဲ ရန်ကုန်တွင် ကျင်းပပြုလုပ်မည်

30/01/2019 09:52 AM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်း (ရန်ကုန်ရုံးခွဲ) မှ ဦးစီးကျင်းပသည့် ဒုတိယအကြိမ်မြောက် တွေ့ဆုံချိတ်ဆက် ကမ်းလင့်လက် Beyond YAU ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက် စနေနေ့ နံနက် (၉)နာရီတွင် ကန်တော်ကြီး မြေပဒေသာဥယျာဉ် ပုလဲကျွန်း ၌ ယမန်နှစ်ကကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပါသည်။ 

အစီအစဉ်မှာ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ပြီး နံနက်ပိုင်းတွင် မြေဆီလွှာကျန်းမာရေး (Soil Health) နှင့် ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို လည်းကောင်း၊ နေ့လည်ပိုင်းတွင် အတန်းပေါင်းစုံပါဝင်သော ဂိမ်းကစားခြင်းများ၊ သီချင်းဆိုခြင်း၊  နိုင်ငံတကာ ပညာသင်ဆုအကြောင်းကို ဆုရရှိပြီးသူများမှ ပြန်လည်မျှဝေခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည့် အစီအစဉ် တို့ပါဝင်မည်ဖြစ်ပြီး ၁၉၈၃ ခုနှစ် ကျောင်းဆင်းများမှ မုန့်ဟင်းခါး စတုဒီသာ ဖြင့်လည်းကောင်း၊ Genius ကော်ဖီမှ ကော်ဖီဖြင့်လည်းကောင်း ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ပါသည်။ 

အသေးစိတ် သိရှိလိုပါက  ၀၉၅၁၆၃၅၈၂  (သို့မဟုတ်) ၀၉၇၉၈၂၃၀၂၃၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်