ငရုတ်ကောင်း ပွားစာတွင်မြှုပ်၍ မျိုးပွားနည်း

21/10/2019 13:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

    မျိုးကိုင်းကိုပျိုးထောင်၍ အညွှန့်ထွက်လာသောအခါ အညွှန့်ကို နွားချေးဆွေးနှင့် အုန်းဆံမှုန့်ရောနယ်ထားသည့် ပွားစာသုတ်လိမ်းပေးထားသော ယာယီတွယ်တိုင်တွင် နွယ်တက်စေရပါမည်။ ပွတက်လာသောနွယ်မှ အဆစ်တိုင်းကို ပွားစာတွင် နှစ်မြှုပ်ပေးပြီး ယာယီတွယ်တိုင်တွင် ချည်နှောင်ပေးထားရပါမည်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် ပွားစာထဲတွင် အဆစ်များမှ အမြစ်များ ထွက်လာစေပါသည်။ အဆစ် (၇)မှ (၈)ဆစ်အထိ ရှည်လာသောအခါ မြေမှ အထက်(၃)ဆစ်ကိုချန်၍ ကျန်အဆစ်များကို လေရှူမြစ်များ မထိခိုက်စေဘဲ တစ်ဆစ်စီဖြတ်ယူပြီး ပွားစာနှင့်အတူ ပျိုးဘောင်တွင်ဖြစ်စေ၊ ပျိုးအိတ်တွင်ဖြစ်စေ စိုက်ပျိုးရပါသည်။

စိုက်ပျိုးရေးဦးစီးဌာန


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်