စင်ဘီဒီယမ်မျိုးစု
စင်ဘီဒီယမ် Cymbidium သစ်ခွများ ပန်းပွင့်လှုံ့ဆော်ရာတွင် ညအပူချိန်ချပေးခြင်းဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်သည်။ နေ့ပူ၊ ညချမ်း အခြေအနေမှာ အကောင်းဆုံးဖြစ်သည်။ မြောက်သမပိုင်း နိုင်ငံများ၌ ဆောင်းကာလ၊ ခရစ်စမတ်အချိန်၊ ပန်းဈေးကောင်းချိန်တွင် သြစတြေးလျကဲ့သို့ အီကွေတာတောင်ပိုင်းမှ သစ်ခွများ၊ အမြောက်အများ တင်ပို့ရောင်းချလျက် ရှိသည်။
ဒင်ဒရိုဘီယမ်အုပ်စု
မျိုးစိတ် (၁၀၀) ကျော်ရှိသော ဒင်ဒရိုဘီယမ်မျိုးစုတွင် မတူကွဲပြားသော ပန်းပွင့်သဘာဝများ ရှိနေသည်။ အအေးပိုင်းဒေသမှ ဒင်ဒရိုဘီယမ်နိုဘီလီ Dendrobium Nobile ကဲ့သို့သော အပင်များ ပန်းပွင့်၊ သန္ဓေတည်ရန်မှာ (၅၅) ဒီဂရီဖာရင်ဟိုက် (၁၃) ဒီဂရီစင်တီဂရိတ် တွင် တောက်လျှောက်ထားရန် ဖြစ်သည်။ ဤအပင်မျိုးတွင် အလင်းတာလွှမ်းမိုးမှုမရှိပေ။ အကယ်၍ ယင်းတို့ကို (၆၄) ဒီဂရီဖာရင်ဟိုက် (၁၈) ဒီဂရီစင်တီဂရိတ် တွင် ထားပါက မည်သည့်အခါမှ ပန်းပွင့်မဘာဘဲ ပင်ပိုင်းကြီးထွားမှုဘဝတွင်သာ ရှိနိုင်မည်။ Dendrobium Phalaenopsis အုပ်စုမှာကား နေ့တာတိုပြီး၊ ပူသောဝန်းကျင်၌သာ ပန်းပွင့်သန္ဓေတည်နိုင်သည်။ ဆိုလိုသည်မှာ နေ့အလင်းတာ (၉) နာရီနှင့်ဝန်းကျင် အပူချိန် (၆၄) ဒီဂရီဖာရင်ဟိုက် (၁၈) ဒီဂရီစင်တီဂရိတ် တွင် (၆) ပတ်အတွင်း ပန်းပွင့်သန္ဓေတည်နိုင်သည်။
ဦးဖရက်သိန်းဖေ
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်
Greenovator