ဥကြက်မအရိုးပွရောဂါ
ဥကြက်မွေးမြူရေးလုပ်ငန်းလုက်ကိုင်နေသူအတိုင်း အတွေ့များသောရောဂါတစ်မျိုးအကြောင်းတင်ပြလိုပါသည်။
Cage ထဲမှာရှိကြက်များမှာအဖြစ်များလို့ cage layer fatigue လို့ခေါ်ပါသည်။ ၎င်းရောဂါကို အလေးထားမှု နည်းသောကြောင့် ပျောက်ကင်းသက်သာရန် အချိန်ကြာမြင့်လေရှိပါသည်။ ကြက်ဥ ဥနှုန်းကို လျစ်လျူရှုထားလေ့ ရှိပါသည်။ ကြာရှည်ခံစားရပါက ခြေထောက်ကောင်းစွာ မထောက်နိုင်သောကြောင့် အစာငတ်ခြင်း၊ ရေငတ်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းဖြစ်ကာ သေဆုံးနိုင်ပါသည်။
ရောဂါလက္ခဏာ
- ကြက်ဥ ဥနှုန်းကျခြင်း၊ ကြက်ဥအခွံ့ပါးခြင်း
- ပြင်းထန်သော အခြေအနေတွင် အရိုးတွင်းကယ်လ်ဆီယမ် လျော့နည်းလာခြင်း
- အထူးသဖြင့် ကျောရိုးများမှာ လျော့နည်းလာကာ spinal collapse ကျောရိုးများရောင်ကာ မထနိုင်ခြင်းတို့ဖြစ်တတ်ခြင်း
- ဥကြက်မများ ဥစမ်းကာလ ၂၄-၂၆။ ပတ်သားအရွယ်တွင်အဖြစ်များခြင်း
- ဥထုတ်လုပ်မှုအများဆုံးအချိန်ဝန်းကျင်တွင်ဖြစ်လေ့ရှိခြင်း
- အရိုးပွ၊ အရိုးပါးခြင်း(osteoporosis) ၊ ခြေထောက်အရိုးအတွင်းကွေးခြင်း၊ အရိုးသိပ်သည်းဆနည်းခြင်း
- မတ်တပ်မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း
- အစာငတ်ခြင်း၊ ရေငတ်ခြင်းနှင့် ဓာတ်ဆားဓာတ်လျော့နည်းကာသေဆုံးခြင်း
အသေကောင်ကိုသေချာခွဲစိတ်စစ်ဆေးကြည့်လျှင်
ပုံမှန်ဖွံ့ဖြိုးနေသော အဝါရောင် ဥသိမ် (follicles) ၈-၉ လုံးခန့်တွေ့ရမည်။ ဥခွံပြုလုပ်သော ဂလင်းထဲတွင်လည်း ဥခွံလုပ်နေသည်ကို တွေ့ရမည်။ သို့သော်အမောက်ပြာခြင်း၊
အဆုပ်တွင်သွေးများခဲနေခြင်း (congested lung) အသားများပြာနှမ်းနေခြင်းကိုတွေ့နိုင်သည်။
ဤသို့ဖြစ်ရခြင်းမှာ သွေးတွင်းရှိသော ကယ်လ်ဆီယမ် ဓာတ်ကိုစုပ်ယူပြီး ဥခွံအပြည့်အဝပြီးမြောက်အောင် လုပ်ဆောင်လေ့ရှိသော သဘာဝကို ညွှန်ပြနေခြင်းဖြစ်သည်။
ဖြစ်ပွားရသောအကြောင်းအရင်း
- ဤအခြေအနေမျိုးသည် ကြက်ဥမစမ်းမီ calcium ပိုမကျွေးမိခြင်း၊ တစ်နည်းအားဖြင့် pre-lay အစာမကျွေးပဲ မဥမီကတည်းက ဥကြက်မစာကျွေးခြင်း (သို့) ရုတ်တရက် အလင်းတိုးပေးခြင်း ( သို့) အစာကို ခွဲတမ်းချ ကန့်သတ်ကျွေးမွေးခြင်းကြောင့် ဖြစ်ရသည်ဟုဆိုပါသည်။
- အစာအမှုံ (mash) ထဲတွင်ပါဝင်သော ကျောက်မှုန့်များအလွန်သေးလွန်းခြင်း
- လှုပ်ရှားသွားလာမှုနည်းခြင်း
- ကြက်စာတွင် calcium, phosphorus, vitamin D3 မလုံလောက်ခြင်း(သို့) ကြက်ကအစာစားနှုန်းနည်းခြင်း
- အချို့သော ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ အသားဓာတ်၊ စွမ်းအင်တို့က လျော့နည်းတတ်ပြီး ကယ်လ်ဆီယမ် ပိုများခြင်းကြောင့် နှလုံးကြွက်သားပျက်စီးခြင်း
ကာကွယ်ကုသခြင်း
Battery cage ထဲတွင် မွေးထားသောကြက်မများ မြေပြင်/ကြမ်းခင်းပေါ်သို့ ရွှေ့ပြောင်းရမည်။
အရွယ်ရောက်ချိန် ကိုယ်အလေးချိန်ပုံမှန်ရှိပါက (1.4 kg for Lohmann Brown) calcium ကို အနည်းဆုံး 4% နှုန်းထိမဥခင် ၇ရက်ကျွေးရမည်။
အစာတွင် calciumနဲ့ phosphorus လုံလောက်စေရုံမျှမက 2:1 အချိုးဖြစ်သင့်ပါသည်။
ကြက်များကိုသက်သောင့်သက်သာမှုရှိစေရန် စီမံပေးရမည်။ မဟုတ်ပါက အသက်ရှုမြန်ခြင်းဖြစ်လျှင် ကြက်က calcium ကို ကောင်းစွာအသုံးမချနိုင်သောကြောင့် ဤရောဂါဖြစ်စေပါသည်။ ထို့ပြင် သန်း၊ သံကောင်များ ကြက်အတွက် အနှောင့်အယှက် (stress) မခံရအောင်ရှင်းလင်းပေးရမည်။
Calcium စုပ်ယူရာတွင် Vitamin D3 သည် အရေးပါသောကြောင့် ချို့တဲ့မှုမရှိအောင်တိုက်ကျွေးရမည်။
အစာတွင်မှိုပါခြင်း၊ မှိုဆိပ်သင့်ခြင်းမဖြစ်စေရန် ကာကွယ်ရမည်။မှိုဆိပ်သင့်ပါက အာဟာရစုပ်ယူမှုကို ထိခိုက်စေပါသည်။ ထိုစဉ်ဗီတာမင် D3 ကို ၃-၄ ဆပိုပေးခြင်းဖြင့် ကာကွယ်နိုင်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်