မွေးမြူရေးလုပ်ငန်းအောင်မြင်ရန်
- မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်မွေးမြူပါ။
- အာဟာရညီညွတ်မျှတစွာ ပါဝင်သော အစားအစာကို လုံလောက်စွာ ကျွေးမွေးပါ။
- စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပါ။
- ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ စနစ်တကျစောင့်ရှောက်ပါ။
- ခိုင်မာသော ဈေးကွက်ရှိပါစေ။
မွေးမြူနည်းစနစ်များ
(၁) လွှတ်ကျောင်းစနစ်
(၂) ခြံလှောင်စနစ်
(၃) လွှတ်ကျောင်းနှင့် ခြံလှောင်ပူးတွဲစနစ်
မြေနေရာရွေးချယ်ခြင်း
- ရေဝပ်ရေကြီးခြင်းမရှိသောနေရာ
- မိုးရေနှင့် အညစ်အကြေးစီးဆင်းမှုလွယ်ကူစေရန် ကုန်းမြင့်သောနေရာ။
- လူနေအိမ်နှင့် သီးခြားဖြစ်သောနေရာ။
အဆောက်အဦးလိုအပ်ချက်
- မည်သည့်စနစ်ကို ကျင့်သုံး၍ မွေးသည်ဖြစ်စေ၊ ခြံအဆောက်အဦးကို ဆောက်လုပ်ပေးပါ။
- နွားတစ်ကောင်အတွက် အလျား(၇)ပေ၊ အနံ(၄)ပေ၊ အမြင့်(၈)ပေအကျယ်အဝန်း ထားရှိပါ။
- နွားကောင်ရေများပါက မျက်နှာချင်းဆိုင်(သို့)ဖင်ချင်းဆိုင်၍ အလယ်မှ လူသွားရန်အတွက် ၃ပေခန့်အကျယ် လမ်းထားရှိပါ။
- နံနက်ခင်း နေရောင်ရရိနိုင်ရန်နှင့် မွန်းလွဲနေမကျစေရန် ဆောင်ရွက်ပါ။
- အပူဒဏ်ခံနိုင်ရန် အမိုးကို ဓနိ/ သက်ကယ်မိုးပါ။
- နွားတင်းကုပ် လေဝင်လေထွက်ကောင်းပါစေ။
- ကြမ်းပြင်သည်ချောမနေရ၊ သန့်ရှင်းမှုပြုလုပ်ရန် လွယ်ကူသော ကြမ်းခင်းဖြစ်ပါစေ။
နွားထီးကျွေးမွေးစောင့်ရှောင်ခြင်း
နှမ်းဖတ် - ၂၅ကျပ်သား
မြက်ခြောက်ကောက်ရိုးပဲမှော် - ၄ပိဿာ
ဆား - ၁ကျပ်သား
ရောနှောကျွေးမွေးရန်။
ခိုင်းနွားအထီးတစ်ကောင်အတွက် တစ်နေ့အစာ
ဆန်ဖွဲနု - ၅၅ကျပ်သား
နှမ်းဖတ်(ဝါ)ပဲဖတ် - ၅၅ကျပ်သား
ဆား - ၃ ၁/၂ကျပ်သား
- အလုပ်များသောရာသီတွင် အစာကြမ်းအခြောက်(၅)ပိဿာအထိ ကျွေးမွးရန်။
- နွားစာအစိမ်းနှင့် နွားစာအစိုဖြစ်ပါက (၄)ဆမျှ ကျွေးရမည်ဖြစ်သဖြင့် [(၅ပိဿာအစား (၂၀)ပိဿာကျွေးရန်)]။
- အလုပ်ခိုင်းပြီး တစ်နေ့ ဖွဲနုတစ်ပြည်စီကျွေးပေးပါက ကိုယ်အလေးချိန်လျော့နည်းခြင်းမရှိပါ။
- အလုပ်နည်းသော ရာသီတွင် လွှတ်ကျောင်းချိန်ရသဖြင့် မြေပဲဖတ်(ဝါ) နှမ်းဖတ်(၂၇.၅)ကျပ်သား၊ ကောက်ရိုး၊ ပြောင်းရိုးနှင့် နွားစားခြောက်(၃.၃)ပိဿာတို့ကို အစာလျှော့ကျွေးပါ။ ဖွဲနုကျွေးရန်မလိုပါ။
နွားမကြီးစာ
နှမ်းဖတ် - ၂၅ %တစ်နေ့နို့(၄)ပိဿာပေးနွားမအတွက်
ဖွဲနု - ၂၅ %အစာ(၃)ပိဿာနှုန်းကျွေးရန်။
ဆန်ကွဲ - ၂၃ %စပ်စာတွင် ဆား ၀.၅ – ၁ %ထိ
ပဲခွံ - ၁၇ %ထည့်ကျွေးရန်။
ပဲဖွဲ(ပဲမှုန့်) - ၁၀ % အစာကြမ်းကို တစ်နေ့ ၁၁ – ၁၆ ပိဿာခန့်
၁၀၀% ကျွေးပေးရန်၊ ရေအလုံအလောက်ထားပေးရန်။
မျိုးစပ်ခြင်း
သဘာဝသားစပ်နည်းဖြင့်လည်းကောင်း၊ မေထုန်မဲ့သားစပ်နည်းဖြင့်လည်းကောင်း သားစပ်နိုင်ပါသည်။
- နွားမဒန်းသားစပ်ရန်အကောင်းဆုံးအချိန် - ၁၅ - ၁၈ လ
- နွားငယ်လေးများနို့ခွဲချိန် - အသက်(၆)လမှ (၈)လ
- နွားထီးသင်းကွပ်ခြင်း - အသက်(၄)ပတ်မှ (၁၂)ပတ်
- နွားမတစ်ကောင်၏ မြိုင်ကြားကာလ – ၂၁ ရက်
- နွားမတစ်ကောင်၏ မြိုင်ပေါ်ကာလ – ၃ ရက်
- နွားမတစ်ကောင်၏ ဇီးကာလ - ၂၈၀ – ၂၈၅ ရက်
- နွားလေးမွေးပြီး နွားမကြီးအား သားစပ်ရန် အကောင်းဆုံးအချိန် မွေးပြီးရက် (၆၀)ခန့်
- သားပေါက်ခါနီးရက်(၆၀)အလိုသို့ ရောက်ပါက နွားမအား နို့မညှစ်သင့်ပါ။
သွားမွေးစဥ်စောင့်ရှောက်ခြင်း
- သားမွေးရန် တစ်ပတ်အလိုခန့်မှစ၍ သန့်ရှင်းခြောက်သွေ့သောအခန်းတွင် သီးခြားထားပါ။ အစာနုလျှော့ကျွေးပါ။
မွေးဖွားခါနီး နွားမတွင် တွေ့ရသော လက္ခဏာများ
- အစာစားလိုစိတ် နည်းသွားခြင်း။
- လှဲလိုက်၊ ထလိုက် ဂဏာမငြိမ်ဖြစ်ခြင်း။
- အမတန်ဆာ ကြီးထွားခြင်း/ အချွဲများကျခြင်း။
- နို့အုံတွင် နို့များပြည့်လာခြင်း/ တင်းလာခြင်း။
- မကြာခဏအော်ခြင်း/ ညှစ်ခြင်း။
မွေးဖွားလာသည့်နွားငယ်ကလေးပြုစုခြင်း
- နွားငယ်လေး၏ ပါးစပ်၊ နှာခေါင်းတို့တွင်ရှိသော အချွဲများဖယ်ရှားပေးပါ။
- အသက်မရှူနိုင်ပါက ပါးစပ်အတွင်းသို့ လေမှုတ်သွင်းပေးပါ။
- ချက်ကြိုးအလွန်ရှည်ပါက အရက်ပျံစိမ်ထားသော ကြိုးဖြင့် ချက်ကြိုးအရင်းမှ (၃)လက်မခန့်ခွာ၍ ချည်ပြီး ဖြတ်ပေးပါ။
တင်ချာအိုင်အိုဒင်းသုတ်ပေးပါ။
- ရေမွှာပေါက်ပြီး သားမမွေးနိုင်လျှင် လည်းကောင်း၊ သားမွေးပြီး(၂၄)နာရီကျော်သည်အထိ အချင်းမကျသေးလျှင်လည်းကောင်း၊ တိရစ္ဆာန် ဆေးကုဆရာဝန်ထံ အကူအညီတောင်းခံပါ။
နွားငယ်မွေးမြူစောင့်ရှောက်ခြင်း
- နွားလေးမွေးပြီး (၇၂)နာရီအတွင်း နို့ဦးရည်ကို သောက်စို့စေရန်။
- နွားကလေး၏ ကိုယ်အလေးချိန်(၁၀)ပိဿာလျှင် နို့တစ်ပိဿာနှုန်းနှင့် မှန်း၍တိုက်ကျွေးရန်။
- အသက်(၂)လကျော်ပါက ဖွဲနု ၃၄% နှမ်းဖတ် ၊ပဲဖတ်မှုန့် ၃၀% ၊ဆန်ကွဲ(သို့)ပြောင်းမှုန့် ၃၀% ၊ဆား ၁၀%၊ ခရုမှုန့် ၅% အစာနု စပ်၍ နံနက်(၂၅)ကျပ်သား ၊ည (၂၅)ကျပ်သား ကျွေ့မွေးပေးရန်။
မြက်စိမ်းကို တစ်နေ့လျှင့် (၂၅)ကျပ်သားခန့်ကျွေးရန်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ