(၁) အဓိက စိုက်ပျိုးနေသော ဟင်းသီးဟင်းရွက်များကို ရုက္ခဗေဒအရခွဲခြားလျှင်
-
မုန်ညင်း၊ မုန်လာအုပ်စု (CRUCIFERAE)၊
-
ကြက်သွန်အုပ်စု (ALLIACEAE)၊
-
ဘူး၊ ဖရုံအုပ်စု (CUCURBITACEAE)၊
-
အာလူး၊ ခရမ်းချဉ်အုပ်စု (SOLANACEAE)၊
(၂) အပူအအေးလိုအပ်ချက်အရ ခွဲခြားလျှင် အအေးကြိုက်သော ဟင်းသီးဟင်းရွက်အများစုကို အခြေခံအားဖြင့် တောင်ပေါ်ဒေသများ တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကြပြီး မြေပြန့်ဒေသများတွင် ရာသီ ဥတု အေးမြသော ဆောင်းရာသီတွင်သာ စိုက်ပျိုးနိုင်ကြ ပါသည်။
-
ဥပမာ - ကွမ်းသီးသဏ္ဍန် ဂေါ်ဖီထုပ်၊ မုန်ညင်းထုပ်၊ နိုကိုဥ၊ သကြားမုန်လာ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ဘရိုကိုလီ(ပန်းဂေါ်ဖီအစိမ်း)
အနွေးဓာတ်ကြိုက်သော ဟင်းသီးဟင်းရွက်အုပ်စုများကို အခြေခံအားဖြင့် မြေပြန့်ဒေသ များတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြပြီး တောင်ပေါ်ဒေသတွင် နွေဦးရာသီမှာ စိုက်ပျိုးကြပါသည်။
-
ဥပမာ- သခွား၊ မုန်လာဥဖြူ၊ ပဲတောင့်ရှည်၊ ဟင်းနုနွယ်
(၃) ဟင်းသီးဟင်းရွက်ကို အခြေခံအားဖြင့် အသုံးပြု၍ ရနိုင်သော အစိတ်အပိုင်းအလိုက် ခွဲခြား ကြပါသည်။
-
အရွက်စားသုံးသောအပင်များမှာ
ဥပမာ- မုန်ညင်း၊ကန်စွန်းရွက်၊ကိုက်လန်၊ကန်စွန်းဥရွက်၊နံနံ၊ ဟင်းနုနွယ်၊Spinach၊ ဒန့်သလွန် -
အသီးစားသုံးသောအပင်များမှာ
ဥပမာ-ခရမ်းသီး၊ခရမ်းချဉ်သီး၊ဘူး၊ဖရုံ၊သခွား၊သခွားမွှေး၊ ဖရဲသီး -
အမြစ်ပိုင်းကို စားသုံးရသောအပင်များမှာ
ဥပမာ- မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကြက်သွန်၊ ကြက်သွန်ဖြူ၊ အာလူး -
အပွင့်ကိုစားသုံးရသောအပင်များမှာ
ဥပမာ-ပန်းဂေါ်ဖီအစိမ်း၊ ပန်းဂေါ်ဖီ၊ ဖရုံပွင့်၊ မုန်ညင်းဖြူပွင့်၊ ပေါက်ပန်းဖြူပွင့်၊ ငှက်ပျောဖူး -
အစေ့ကိုစားရသောအပင်များမှာ
ဥပမာ- ပဲပင်ပေါက်၊ ပဲပုပ်စေ့၊ ပဲတောင့်ရှည်စေ့၊ ရွှေပဲသီးစေ့
စိုက်ပျိုးရေးဦးစီးဌာန
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ