ဟင်းသီးဟင်းရွက်များကို အမျိုးအစားခွဲခြားကြည့်ကြမယ်

15/10/2021 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၁) အဓိက စိုက်ပျိုးနေသော ဟင်းသီးဟင်းရွက်များကို ရုက္ခဗေဒအရခွဲခြားလျှင်

  1. မုန်ညင်း၊ မုန်လာအုပ်စု(CRUCIFERAE)၊
  2. ကြက်သွန်အုပ်စု (ALLIACEAE)၊
  3. ဘူး၊ ဖရုံအုပ်စု (CUCURBITACEAE)၊
  4. အာလူး၊ ခရမ်းချဉ်အုပ်စု (SOLANACEAE)၊
  5. ပဲမျိုးနွယ်အုပ်စု (LEGUMINACEAE)

(၂) အပူအအေးလိုအပ်ချက်အရ ခွဲခြားလျှင် အအေးကြိုက်သော ဟင်းသီးဟင်းရွက်အများစုကို အခြေခံအားဖြင့် တောင်ပေါ်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကြပြီး မြေပြန့်ဒေသများတွင် ရာသီဥတုအေးမြသော ဆောင်းရာသီတွင်သာ စိုက်ပျိုးနိုင်ကြပါသည်။

ဥပမာ- ကွမ်းသီးသဏ္ဍန် ဂေါ်ဖီထုပ်၊ မုန်ညင်းထုပ်၊ နိုကိုဥ၊ သကြားမုန်လာ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ဘရိုကိုလီ(ပန်းဂေါ်ဖီအစိမ်း)

အနွေးဓာတ်ကြိုက်သော ဟင်းသီးဟင်းရွက်အုပ်စုများကို အခြေခံအားဖြင့် မြေပြန့်ဒေသများတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြပြီး တောင်ပေါ်ဒေသတွင် နွေဦးရာသီမှာ စိုက်ပျိုးကြပါသည်။

ဥပမာ- သခွား၊ မုန်လာဥဖြူ၊ ပဲတောင့်ရှည်၊ ဟင်းနုနွယ်

(၃) ဟင်းသီးဟင်းရွက်ကို အခြေခံအားဖြင့် အသုံးပြု၍ရနိုင်သော အစိတ်အပိုင်းအလိုက် ခွဲခြားကြပါသည်။

အရွက်စားသုံးသောအပင်များမှာ

ဥပမာ- မုန်ညင်း၊ ကန်စွန်းရွက်၊ ကိုက်လန်၊ ကန်စွန်းဥရွက်၊ နံနံ၊ ဟင်းနုနွယ်၊ ဒန့်သလွန်

အသီးစားသုံးသောအပင်များမှာ

ဥပမာ-ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ဘူး၊ ဖရုံ၊ သခွား၊ သခွားမွှေး၊ ဖရဲသီး

အမြစ်ပိုင်းကို စားသုံးရသောအပင်များမှာ

ဥပမာ- မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကြက်သွန်၊ ကြက်သွန်ဖြူ၊ အာလူး

အပွင့်ကိုစားသုံးရသောအပင်များမှာ

ဥပမာ-ပန်းဂေါ်ဖီအစိမ်း၊ ပန်းဂေါ်ဖီ၊ ဖရုံပွင့်၊ မုန်ညင်းဖြူပွင့်၊ ပေါက်ပန်းဖြူပွင့်၊ ငှက်ပျောဖူး

အစေ့ကိုစားရသောအပင်များမှာ

ဥပမာ- ပဲပင်ပေါက်၊ ပဲပုပ်စေ့၊ ပဲတောင့်ရှည်စေ့၊ ရွှေပဲသီးစေ့

Source - Agri Digit News


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်