အစိုက်များတဲ့ ဆင်းပဒေသာမြေပဲအထွက်ကောင်းမျိုးများ

07/09/2021 19:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    ဒေသနှင့် ကိုက်ညီဖြစ်ထွန်းသည့်မျိုးကို ရွေးချယ်အသုံးပြုရန်ဖြစ်သည်။ အပင်ပေါက် ၈၀ ရာခိုင်နှုန်းနှင့် အထက်ရှိသည့် မျိုးကို စိုက်ပျိုးသင့်သည်။ အထွက်နှုန်းကောင်းမွန်သည့်မျိုးများကို သုတေသနပြု ထုတ်ဝေထားသည်။ ဆင်းပဒသော-၆၊ ဆင်းပဒေသာ-၇ နှင့် ဆင်းပဒေသာ-၁၁ မျိုးများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ယခု အခါ ဆင်းပဒေသာ-၁၂ နှင့် ဆင်းပဒေသာ-၁၃ စသည့် အခြားမျိုးသစ်များကိုလည်း စိုက်ပျိုးနိုင်ပြီဖြစ်သည်။ 

ဆင်းပဒေသာ - ၆ 

    အပင်ပုံစံသည် ပင်ထောင်မျိုးဖြစ်သည်။ အပင်သက်တမ်းမှာ ၁၀၅ ရက် မှ ရက် ၁၁၀ ဖြစ်သည်။ တစ်ပင်ပါ အောင် တောင့်- ၁၅ မှ ၂၀ ဖြစ်သည်။ တစ်တောင့်ရှိအစေ့ - ၂ မှ ၁ ဖြစ်ကာ အစေ့ခွံအရောင်မှာ ပန်းရောင် ဖြစ်သည်။ ထူးခြား သည်မှာ ရေငတ်ခံနိုင်သည်။

ဆင်းပဒေသာ - ၇ 

    အပင်ပုံစံသည့် ပင်ထောင်မျိုးဖြစ်သည်။ အပင်သက်တမ်းမှာ ရက် ၉၀ မှ ၉၅ ရက်နှင့် တစ်ပင်ပါအောင်တောင့်- ၁၅ မှ ၂၀ ဖြစ်သည်။ တစ်တောင့်ရှိအစေ့- ၂ မှ ၁ နှင့် အစေ့ခွံအရောင်- ပန်းရောင် ဖြစ်ကာ အဆံထွက်ရာခိုင်နှုန်း- ၇၄ ဖြစ်သည်။ 

ဆင်းပဒေသာ - ၁၁

    အပင်ပုံစံမှာ ပင်ထောင်မျိုးပင်ဖြစ်သည်။ အပင်သက်တမ်း ရက် ၁၀၀ မှ ၁၀၅ ရက်နှင့် နှုတ်သိမ်းနိုင်သည်။ တစ်ပင်ပါ အောင်တောင့်- ၂၀ မှ ၂၅ ရှိပြီး အဆံထွက်ရာခိုင်နှုန်း- ၇၄ ဖြစ်သည်။

ဆင်းပဒေသာ - ၁၂

    အပင်ပုံစံမှာ ပင်ထောင်မျိုးပင်ဖြစ်သည်။ အပင်သက်တမ်း ၁၀၅ ရက် မှ ရက် ၁၁၀ နှင့် နှုတ်သိမ်းနိုင်သည်။ တစ်ပင်ပါ အောင်တောင့်- ၁၅ မှ ၂၅ ရှိပြီး အဆံထွက်ရာခိုင်နှုန်း- ၇၂ ဖြစ်သည်။ ရေငတ်ဒဏ်ခံနိုင်ပြီး မိုးရွာသွန်းမှု နည်းပါးသော အပူပိုင်းဒေသနှင့် သင့်တော်ကြောင်းသိရသည်။

ဆင်းပဒေသာ - ၁၃

    အပင်ပုံစံမှာ ပင်ထောင်မျိုးပင်ဖြစ်သည်။ အပင်သက်တမ်း ၁၀၅ ရက် မှ ရက် ၁၁၀ ရက်နှင့် နှုတ်သိမ်းနိုင်သည်။ တစ်ပင်ပါအောင်တောင့်- ၂၀ မှ ၃၀ ရှိပြီး အဆံထွက်ရာခိုင်နှုန်း- ၇၄ ဖြစ်သည်။ ဒေသမရွေးသင့်တော်သောမျိုးဖြစ်ကြောင်းသိရသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်