Columnaris Disease ဆိုသည့် ငါးရောဂါမှာ ရာသီမရွေးဖြစ်ပွားနိုင်ပြီး ငါးမွေးမြူသူများအနေဖြင့် ငါးမွေးကန်များတွင် ယင်းရောဂါကျရောက်ပါက ကာကွယ်ကုသနိုင်ရန် ပြောပြပေးသွားပါမည်။
ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းမှာ-
Flexibacter Columnaris ပိုးကြောင့် Columnaris Disease ဆိုတဲ့ငါးရောဂါ ဖြစ်ပွားရခြင်း ဖြစ်သည်။ ထိုရောဂါမှာ ရာသီမရွေးဖြစ်ပွားနိုင်ပါသည်။
ဖြစ်ပွားနိုင်သည့် ငါးအမျိုးအစားမှာ-
တီလားပီးယား၊ ငါးကြင်း၊ ငါးသိုင်းအုပ်စု၊ ငါးမြစ်ချင်း၊ ရွှေငါး။
ရောဂါလက္ခဏာများမှာ -
- ပထမအဆင့်အနေနှင့် ခေါင်းပိုင်း၊ ပါးဟက်၊ ရေယက်နှင့် ခန္ဓာကိုယ်ပေါ်တွင် အဖြူစက်များပေါ်လာပြီး ဘေးပတ်လည်တွင် အနီရင့်ရောင်ဖြစ်နေပါမည်။
- တဖြည်းဖြည်း အစက်မှတဆင့် အနာဖြစ်လာပါမည်။
- ထို့နောက် ပါးဟက်ပေါ်ရှိအနာများမှာ ပိုကြီးလာပြီးမီးလောင်ဖုကဲ့သို့ ဖြစ်လာပါမည်။
- အရေပြားပေါ်တွင်လည်း သွေးကြောမျှင်ယောင်သည့်အနာများဖြစ်ပေါ်လာပါမည်။
ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း
- ကာကွယ်ဆေးထိုးခြင်း
- ရေအပူချိန် နှိမ့်ချခြင်း
- Citrobacter freundii နှင့် Aeromonas hydrophila ကဲ့သို့သော ယှဥ်ပြိုင်ဘက်တီးရီးယားများ ထည့်သွင်းခြင်းတို့ ပြုလုပ်ရပါမည်။
ကုသခြင်း
ရောဂါဖြစ်ပွားနေသောငါးအား-
- Copper Sulphate 40 mg/L for 20 min (or) 500 mg/L 1min စိမ်ပေးရန်။
- Oxolinic acid 1mg/L ကို ၂၄ နာရီ စိမ်ပေးရန်။
- Sulphamerazine and Oxytetracycline injections at 220 mg/kg/day (၁၀)ရက် ထိုးပေးရန်တို့ဖြစ်သည်။
ငါးမွေးတောင်သူများ ငါးရောဂါကြောင့် ငါးများပျက်စီးဆုံးရှုံးခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
Ref: ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ