အရှေ့တိုင်းအစားအစာချက်ပြုတ်နည်းသင်တန်း အတွက် သင်တန်းသားခေါ်ယူခြင်း

14/06/2022 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အရှေ့တိုင်းအစားအစာ ချက်ပြုတ်နည်း သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ

အစားအစာချက်ပြုတ်ပြင်ဆင်သူတစ်ဦးအတွက် အခြေခံအသိပညာများ

လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး

လုပ်ငန်းခွင်အတွင်းထိရောက်စွာ ဆက်သွယ်ဆောင်ရွက်ခြင်း

စားသုံးသူများအား ဝန်ဆောင်မှုပေးခြင်း

အစားအစာများကို လှီးဖြတ်နည်းများ (Cutting Methods)

အခြေခံတရုတ်အစားအစာ ချက်ပြုတ်ပြင်ဆင်နည်းများ

အခြေခံထိုင်းအစားအစာ ချက်ပြုတ်ပြင်ဆင်နည်းများ

အကြော်နည်းအထူးပြု အစားအစာ ကြော်ချက်ပြင်ဆင်နည်းများ

အမျိုးမျိုးသော အခြေခံအစားအစာ ချက်ပြုတ်ပြင်ဆင်နည်းများ

#သင်တန်းကာလ (၈) ပတ် ကြာမြင့်မည်ဖြစ်ပြီး၊ တနင်္လာနေ့မှ စနေနေ့ထိ နေ့စဥ် နံနက် (၉) နာရီမှ၊ ညနေ (၄) နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

သင်တန်းကြေးနှင့်သင်ထောက်ကူများ ၁၀၀% #အခမဲ့ ဖြစ်ပါသည်။ 

#လျှောက်လွှာပိတ်ရက် - ဇွန်လ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ 

မသန်စွမ်းမှု၊ ကျား၊ မ၊ လူမျိုး၊ ဘာသာ၊ မရွေး တက်ရောက်နိုင်ပါသည်။#သင်တန်းတည်နေရာများနှင့်စုံစမ်းရန်ဖုန်းနံပါတ်များ

၁။ TRC ဟိုတယ်နှင့်သက်မွေးပညာသင်ကျောင်း၊ အမှတ် ၁၄၂/က၊ ဂန္ဓမာလမ်း၊ ၈ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။ ဖုန်း ၀၁၆၅၅၅၁၇ နှင့်

၂။ Star University၊မြေနီကုန်း၊ဖုန်းနံပါတ် 09 797004988၊ 09 951295156 သို့ မနက်၉နာရီမှ ညနေ၅နာရီအတွင်း။ 

ဝင်ခွင့်လိုအပ်ချက်

အသက် (၁၈) နှစ်ပြည့်ပြီးသူ

မြန်မာစာ အရေးအဖတ် နှင့် အခြေခံ အတွက်အချက် တတ်မြောက်သူ

သင်တန်းစည်းကမ်းများကိုလိုက်နာပြီး သင်တန်း ပြီးဆုံးအောင် တက်ရောက်နိုင်သူ

သင်တန်းကာလ ပြီးဆုံးပါက အလုပ်သင် ဆင်းနိုင်သူ

ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူများ


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်