အိတ်စွပ်ခြင်း၏ အားသာချက်
- အစေ့ထိုးပိုး၊ အသားထိုးပိုး၊ သီးထိုးယင် ကျရောက်မှုကို ကာကွယ်နိုင်သည်။
- အနာအဆာ၊ အပွန်းအပဲ့ ကင်းသည်။
- အရောင်အသွေး တောက်ပပြီး အသီး၏ အရေခွံ့ ပြောင်ချောနေ၍ ရောင်းပန်းလှစေပြီး စျေးပိုရစေသည်။
- ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ လျော့သုံးရ၍ စရိတ်သက်သာသည်။
- ပိုးသတ်ဆေး၊ ဓာတ်ကြွင်း အာနိသင်နည်းသဖြင့် စားသုံးသူအတွက် အန္တရာယ် ကင်းသည်။
- လေပြင်းဒဏ်၊ မိုးဒဏ် ပိုခံနိုင်ပြီး နေလောင် သက်သာသည်။
- အသီးအလေအလွင့် ဆုံးရှုံးမှု သက်သာသဖြင့် ဝင်ငွေပိုရသည်။
အိတ်စွပ်ခြင်း အားနည်းချက်
- အိတ်ဖိုးငွေ အကုန်အကျ ပိုများလာသည်။
- လူအင်အား သုံးစွဲ၍ အိတ်စွပ်ရသဖြင့် လူအင်အား လိုအပ်ချက် ရှိသည်။ စရိတ် ပိုကုန်သည်။
- ပန်းပွင့်ရက် မမှတ်သားသူတို့အတွက် အသီးခူးရက် အလွယ်တကူ မသိနိုင်ပါ။
- အိတ်အတွင်း ပိုးမွှားရောဂါ ကျရောက်မှုကို ရုတ်တရက် မမြင်နိုင်ပါ။
ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန
CPP Fertilizer Company ကြော်ငြာ
စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ
တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more

ဟာမိုဇင်းပလပ်(စ်)

ဟော့(ပ်)ရိုး(လ်)

ကောင်စယ်

အီမီဒါနေး(လ်)

ပေါ်စီလန်