Covishield ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးများ

28/01/2021 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Covishield ကာကွယ်ဆေးအကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသော ဘေးထွက်ဆိုးကျိုးများမှာ -

 လူ (၁၀) ဦးလျှင် (၁) ဦးထက်ပို၍ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုး 

ဆေးထိုးသည့်နေရာ၌ အနည်းငယ်နာကျင်ခြင်း၊ ခပ်နွေးနွေးဖြစ်ခြင်း၊ နီရဲခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ ယေဘုယျအားဖြင့် နေမကောင်းသလို ခံစားရခြင်း၊ မောပန်းခြင်း (ပင်ပန်းခြင်း) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း (သို့မဟုတ်) ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အဆစ် (သို့မဟုတ်) ကြွက်သားနာခြင်း။

လူ (၁၀) ဦးလျှင် (၁) ဦး၌ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများ

ဆေးထိုးသည့်နေရာတွင် အခဲဖြစ်နေခြင်း၊ ဖျားခြင်း၊ ကိုယ်ပူခြင်း၊ အော့အန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းနှင့် ချမ်းခြင်းစတဲ့ တုပ်ကွေးကဲ့သို့သော လက္ခဏာများဖြစ်ခြင်း။

လူ (၁၀၀) လျှင် (၁) ဦးတွင်ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများ

မူးဝေခြင်း၊ အစာစားချင်စိတ်လျော့ခြင်း၊ ဗိုက်နာခြင်း၊ လင့်အကျိတ်များကြီးလာခြင်း၊ အလွန်အကျွံချွေးထွက်ခြင်း၊ ယားယံအရေပြား (သို့မဟုတ်) အဖုထွက်ခြင်း။

လူ တစ်သိန်းလျှင် တစ်ဦး၌ ပြင်းထန်ပြီး မမျှော်လင့်သောဘေးထွက်ဆိုးကျိုးများဖြစ်ပွားနိုင်ပါတယ်။ 

#Covishield ကာကွယ်ဆေးကိုလက်တွေ့စမ်းသပ်မှုများကို လေ့လာနေဆဲဖြစ်ပါတယ်။

(တောင်သူဦးကြီးများဗဟုသုတရရန်အလို့ငှာ ကူးယူဖော်ပြတင်ပြထားခြင်းဖြစ်ပါသည်)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်