နွားစာချဉ်​ဖတ်​ပြုလုပ်​ခြင်းက တကယ်​ပဲ အကျိုးအမြတ်​ ရနိုင်​မှာလား?

08/08/2019 15:00 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

အခုအခါမှာဆိုရင်​ နို့စားနွား​မွေးမြူသူ​တွေဟာ ​အရည်​အ​သွေး​ကောင်းမွန်​တဲ့ အစာစိမ်​ရရှိဖို့ပိုပြီး အလေးထားလာကြပါတယ်​။ ဒါ့အပြင်​ အစာစိမ်းအာဟာရတန်​ဖိုး​​လျော့ကျမှု အနည်းဆုံးနှင့် ကြာရှည်​ထိန်းသိမ်းထားနိုင်​မည့် ချဉ်​ဖတ်​ပြုလုပ်​ခြင်းကိုလည်း ပိုပြီး အာရုံစိုက်​လာကြပါတယ်​။

ချဉ်​ဖတ်​ပြုလုပ်​ခြင်းက တကယ်​ပဲ အကျိုးအမြတ်​ ရနိုင်​မှာလား? 

(၁) ချဉ်​ဖတ်​ပြုလုပ်​ခြင်းအတွက်​ ကုန်​ကျမှုသည်​ အကျိုးရှိ​သောကုန်​ကျမှု ဖြစ်​သည်​။
နွားစာချဉ်​ဖတ်​သည်​ အစာစိမ်းရှားပါးသည့် ကာလတွင်​ နွားများကျန်းမာစွာ​နေနိုင်​ရန်​နှင့် ထုတ်​လုပ်​မှု​ကောင်းစေရန်​ လိုအပ်​သည့် အာဟာရများကို​ထောက်​ပံ့ရာတွင်​ အသင့်လျော်​ဆုံးနည်းလမ်းဖြစ်​ပါတယ်​။ ​ကောက်​ရိုး (သို့မဟုတ်​) အရည်​အ​သွေးညံ့​သောမြက်​ကြမ်းများ ဝယ်​​ကျွေးရလျှင်​ ရရှိမည့် အာဟာရတန်​ဖိုးနှင့် ကုန်​ကျစရိတ်​ မကိုက်​​ပေ။

(၂) ချဉ်​ဖတ်​ပြုလုပ်​ခြင်းဖြင့် စားကျက်​စိုက်​ခင်းကို အ​လေအလွင့်မရှိ​စေဘဲ စနစ်​တကျစီမံအသုံးချနိုင်​မည်​။
​ကောင်းစွာဖြစ်​ထွန်းနိုင်​သည့်ကာလတွင်​ စားကျက်​ခင်းကို စနစ်​တကျစီမံရမည်​။ အထူးသဖြင့်မိုးတွင်းကာလမှာ ပြင်​ပအစာစိမ်း ရနိုင်​တဲ့အပြင်​ စားကျက်​ခင်းကလည်း တခြားအချိန်​များထက်​ ​ကောင်းနေ​တော့ သိပ်​ဂရုမစိုက်​မိဘဲ ဒီအတိုင်းပဲ ရိတ်​​ကျွေး​ကြတယ်​။ ဒီလိုအချိန်​မျိုးမှာ နွား​ချေး/အရည်​၊ ဓာတ်​​မြေသြဇာတို့ကို ​သေချာထည့်ပြီး တစ်​ခါရိတ်​ပြီးတိုင်းပြန်​အထ​​ကောင်းအောင်​ ပုလဲဓာတ်​​မြေသြ​ဇာထည့်မယ်​။ ဒါဆို ဒီကာလအတွင်းမှာ ပုံမှန်​ထက်​ ရိတ်​သိမ်းနိုင်​သည့်ကြိမ်​​ရေနှင့် ထွက်​နှုန်းကြီးထွားနှုန်းတို့ တိုးလာမယ်​။ ​​ကျွေးလို့ပိုတာကို ချဉ်​ဖတ်​လုပ်​ပြီး ကြာကြာသို​လှောင်​ထားနိုင်​မယ်​။

(၃) ချဉ်​ဖတ်​မှာ​ရော အာဟာရတန်​ဖိုး ဘယ်​​လောက်​ရှိမှာလဲ?
ချဉ်​ဖတ်​၏အာဟာရတန်​ဖိုးသည်​ ကွဲပြားမှုများသည်​။ ချဉ်​ဖတ်​၏အာဟာရဓာတ်​ပါဝင်​မှုသည်​ မူလအစာစိမ်း၏ အရည်​အ​သွေး၊ နည်းစနစ်​တကျပြုလုပ်​မှုနှင့် သို​လှောင်​ထားမှု​ပေါ်မူတည်​သည်​။

(၄) ချဉ်​ဖတ်​​ကျွေးခြင်းဖြင့် နို့ထွက်​နှုန်းကို မြှင့်နိုင်​မှာလား?
နို့​ပေးနွားမ​ကောင်​​ရေနှင့် ၎င်းတို့အမှန်​တကယ်​​ပေးနိုင်​သည့် နို့ထွက်​နှုန်းအောက်​ မ​လျော့​စေဖို့က ​မွေးမြူသူ​တွေရဲ့ ရည်​ရွယ်​ချက်​​တွေထဲက တစ်​ခုပါ။ ဒါ​ကြောင့် ခန္ဓာကိုယ်​အ​ခြေအ​နေ​ကောင်းမွန်​ဖို့နှင့် တစ်​​ကောင်ချင်းစီ၏ အမြင့်ဆုံး ထုတ်​လုပ်​မှုကို​ရ​စေရန်​ လိုအပ်​တဲ့ စွမ်းအင်​ဓာတ်​ အာဟာရဓာတ်​ကို နို့​ပေးနွားမတိုင်းရရှိဖို့ လိုအပ်​ပါတယ်​။
အစာစိမ်းရှားပါးချိန်​မှာ ချဉ်​ဖတ်​က ဒီအချက်​​တွေကို ဖြည့်ဆည်းရာတွင်​ အ​ရေးပါတဲ့ အစာတစ်​ခုအ​နေနဲ့ရှိ​နေပါတယ်​။ ချဉ်​ဖတ်​တစ်​ခုတည်းနဲ့​တာ့ အမြင့်ဆုံးနို့ထွက်​နှုန်းရဖို့ အာဟာရမလုံ​လောက်​​သေးပါဘူး။ ဒါ​ပေမယ့် ကောက်​ရိုး​ကျွေးရင်​ အာဟာရလိုအပ်​ချက်​ပြည့်မီ​အောင်​ တဖက်​ကဖြည့်ရမည့်အစာနုက ချဉ်​ဖတ်​​ကျွေးလို့ ဖြည့်ရမည့် ပမာဏထက်​ (၂ - ၃)ဆ​လောက်​ ပိုများ​နေပါမယ်​။ ကုန်​ကျစရိတ်​ပိုများပြီး နို့ထွက်​နှုန်းကို ထိန်းထားဖို့လည်းခက်​ပါတယ်​။ နွားနို့ဝယ်​လိုအားရှိ​နေချိန်​မှာ အစာစိမ်းမရနိုင်​လို့ ထွက်​နှုန်းကျပြီး ဝင်​​ငွေနည်းတာမျိုး မဖြစ်​ရ​အောင်​ ချဉ်​ဖတ်​​ကျွေးခြင်းဖြင့် နို့ထွက်​နှုန်းကို မြှင့်တင်​နိုင်​ပါတယ်​။

(၅) ချဉ်​ဖတ်​ကို အရင်းအနှီး များများရှိမှ လုပ်​နိုင်​မှာလား? အကျိုးအမြတ်​က​ရော ဘယ်​လိုရနိုင်​မှာလဲ?
ချဉ်​ဖတ်​ပြုလုပ်​ရာမှာ ခြံ​သေးလည်း ခြံ​သေးအ​လျောက်​၊ခြံကြီးလည်း ခြံကြီးအ​လျောက်​၊ နည်းနည်းရင်းနိုင်​သူလည်းနည်းနည်းရင်းနိုင်​သူအ​လျောက်​၊ များများရင်းနိုင်​သူလည်း များများရင်းနိုင်​သူအ​လျောက်​ ပြုလုပ်​နိုင်​မည့် နည်းလမ်းအမျိုးမျိုးရှိပါတယ်​။ ပလတ်​စတစ်​အိတ်​ဖြင့်ပြုလုပ်​ခြင်း၊ ကျင်းတူး၍ပြုလုပ်​ခြင်း၊ ကန်​ဖြင့်ပြုလုပ်​ခြင်း စသည့်ဖြင့် မိမိအဆင်​​ပြေသလိုလုပ်​ပြီး ကြာကြာသို​လှောင်​ထားနိုင်​မယ်​။
ချဉ်​ဖတ်​ပြုလုပ်​ရာတွင်​ ကုန်​ကျမှု (အစာစိမ်း + လိုအပ်​သည့်ပစ္စည်းများ + လုပ်​အား + အချိန်​)သည်​ အစာရှားပါးချိန်​တွင်​​ ​ကောက်​ရိုးဝယ်​​ကျွေးရခြင်း၊ အစာစိမ်းရရှိဖို့ /ရှာဖို့ လုပ်​အားနှင့်အချိန်​သုံးရခြင်း၊ အစာနုဖိုးပိုကုန်​ခြင်း၊ ထုတ်​လုပ်​မှု​လျော့ကျခြင်း၊ ကျန်းမာ​ရေး​စောင့်ရှောက်​မှုပိုခြင်းစသည့် ကုန်​ကျမှုနှင့်ယှဉ်​လျှင်​ နည်းပြီး အကျိုးအမြတ်​ပိုများ​စေသည်​။

​ကောက်​ရိုးအစား အရည်​အ​သွေးပို​ကောင်းသည့် အစာ​ကျွေးခြင်း > > >
​စျေးသက်​သာပြီး အာဟာရပိုရသည့် အစာစားရခြင်း + ထုတ်​လုပ်​မှု​ကောင်းမွန်​ခြင်း + ကျန်းမာ​ရေး​ကောင်းမွန်​ခြင်း + ကုန်​ကျစရိတ်​နည်းခြင်း = ဝင်​​ငွေပိုရရှိခြင်း ???

??? နွားနဲ့မကင်းနိုင်​သေးသ၍ ​မွေးပြီဆိုမှ​တော့ စနစ်​တကျ​မွေးမှ အကျိုးအမြတ်​ရှိမှာ။ အစာစိမ်းကိုအ​ခြေခံပြီး​ကျွေးမှ ထုတ်​လုပ်​မှုစရိတ်​သက်​သာမှာဆို​တော့လည်း အစာစိမ်းကောင်း​ကောင်းကျွေးနိုင်​ဖို့ ကြိုးစားရမှာပါပဲ ဆိုပြီး ​မွေးမြူသူတစ်​ဦး​ပြောသလိုပါပဲ။
အခက်​အခဲ​တော့ရှိကြ​ပေမယ့် အများဆုံးကုန်​ကျစရိတ်​ဖြစ်​တဲ့ အစာနဲ့ပတ်​သတ်ပြီး စီမံထားမှုမရှိလျှင်​  အကျိုးအမြတ်​ရဖို့က ခက်​ခဲ​နေရဦးမှာပဲ။

အစာစိမ်း​တန်​ဖိုးကိုသိသွား​တော့ တစ်​ချို့ လယ်​(သို့)ယာဧက အနည်းငယ်​ရှိသူ​တွေက​တော့ ​မြေတစ်​ချို့ကို
စားကျက်​စိုက်​ဖို့ ကြိုးစားလာကြတယ်​။ တစ်​ချို့က ကိုယ်​တတ်​နိုင်​သ​လောက်​ ​မြေငှါးပြီး နှစ်​တို (သို့) နှစ်​ရှည်​စားကျက်​စိုက်​ဖို့ ကြိုးစားလာကြတယ်​။ တစ်​ချို့ ​မြေအနည်းငယ်​ပဲရှိသူ​တွေက ​စားကျက်ခင်း​​​ကိုစနစ်​တကျစီမံပြီး ထွက်​နှုန်းကောင်းအောင်​ အစာစိမ်းပိုရ​အောင်​ ကြိုးစားလာကြတယ်​။ အမျိုးမျိုး​ပေါ့။

အားလုံးပဲ အရည်​အ​သွေး​ကောင်းတဲ့ အစာစိမ်းကျွေး​နိုင်​ဖို့ စီစဉ်​​နေကြပြီလား? ချဉ်​ဖတ်​လုပ်​ဖို့​ရော စီစဉ်​​နေကြပြီလား?

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်