နို့ထွက်နွားမနှင့် နို့ခမ်းနွားမ တို့အတွက် အခြေခံ အာဟာရဗေဒ

07/05/2018 15:01 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

အာဟာရပြည့်ဝစွာ ရရှိသော နွားများသည် အာဟာရပြည့်ဝစွာ မရရှိသော နွားများထက် အကျိုးမြတ်များ စေပါသည်။

အခြေခံ လိုအပ်ချက်များ

• Water (ရေ)

• Energy (စွမ်းအင်)

• Protein (အသားဓါတ်)

• Fibre (အမျှင်ဓါတ်)

• Minerals (သတ္ထုဓါတ်)

• Vitamins (ဗီတာမင်ဓါတ်)

WATER (ရေ)

• မြန်မာနိုင်ငံတွင် ပုံမှန်အားဖြင့် နွားများကို ရေဘယ်နှစ်ကြိမ် တိုက်သနည်း? 

• သင် တစ်ရက်လျှင် ရေ ဘယ်နှစ်ကြိမ် သောက်သနည်း?

• နို့ပေးနွားမများသည် တစ်ရက်လျှင် ရေပမာဏ (၉၀) ပိဿာ သောက်သုံး နိုင်သည်။ 

• ရေသောက်နှုန်း နည်းလျှင် အစာစား နှုန်းနှင့် နို့ထွက်နှုန်း နည်းမည်။ 

• တိရစ္ဆာန် သက်သာချောင်ချိရေးနှင့် မွေးမြူရေးအကျိုးအမြတ် အတွက် ရေအပြည့်အဝ တိုက်ကျွေးရန် လိုအပ်သည်။ 

• နွားနို့တွင် ရေ (၉၀) ရာခိုင်နှုန်းခန့် ပါဝင်သည်။

• နွားများကို ရေများများ တိုက်လျှင် နို့ထွက်နှုန်းကောင်းစေပြီး၊ ရေကို အကန့်အသတ်ဖြင့် တိုက်ကျွေးလျင် နို့ထွက်နှုန်းနှင့် သားအောင်သားပေါက်နှုန်းပါ ထိခိုက်နိုင်ပါသည်။ 

အထက်ပါအချက်များကို ထောက်ရှုကာ  နွားများကို လွတ်လပ်စွာသွားလာနိုင်ရန်နှင့် ရေကို ၂၄ နာရီ အချိန်ပြည့် သောက်သုံးနိုင်ရန် အကြံပြုထောက်ခံ အပ်ပါသည်။

အစာတစ်ခုနှင့်တစ်ခု နှိုင်ယှဉ်ခြင်း 

ဉပမာ -  အစာနု - ၁၀ % (အစိုဓာတ်), အရည်သွေးပြည့်အစာစိမ်း  – ၈၀ (အစိုဓာတ်)

အစာကျွေးမွေးရာတွင် အခြောက်ချိန်ပမာဏ (အစိုဓာတ်ဖယ်ပြီး) ဖြင့်တွက်ချက် ကျွေးမွေးသင့်သည်။ အလေးချိန်တူညီသော်လည်း အစို/အခြောက် ပါဝင်မှုပေါ်မူတည်၍ အစာခြောက်အလေးချိန်ပမာဏ ကွာခြားနိုင်ပါသည်။ ထို့ကြောင့် မိမိကျွေးသော အစာသည် အစိုဖြစ်နေလျှင် အခြောက်ချိန် မည့်မျှ ရှိမည်ကို သိရှိရန်လိုအပ်ပါသည်။

အခြောက်ဓာတ် (DM) = လုံးဝခြောက်သွေ့သွားသော အခြောက်ပမာဏ

• အစာခြောက်ခံရန်အတွက် အပူပေးပစ္စည်းလိုအပ်သည်။

• စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများ၊ စားကျက်ပင်များ၊ ရာသီလိုက်စိုက်ပျိုးသော တိရစ္ဆာန် အစာများကို အစာအဖြစ်အသုံးပြုသောကြောင့် မိမိခြံမှရရှိနိုင်သော အစာပေါ်မူတည်ပြီး လစဉ် လိုအပ်ချက်မှ တစ်နှစ်လုံးအတွက် အစာလိုအပ်ချက်ကို ကြိုတင်ခန့်မှန်းထားရန် လိုအပ်ပါမည်။ 

ENERGY (စွမ်းအင်)

• စွမ်းအင်ကို Megajoules (metric) or Megacalories (imperial) ဖော်ပြပါသည်။

• တိရစ္ဆာန်သည် အစာ၌ပါဝင်သော စွမ်းအင်အားလုံးကို အသုံးမပြုနိုင်ခြင်းကြောင့်  တိရစ္ဆာန် မှ အမှန်တကယ် အသုံးပြုသော ပမာဏကို တိုင်တာရန် METABOLISABLE ENERGY or Megajoules of Metabolisable Energy (MJME) အသုံးပြုတွက်ချက်ကြသည်။ 

စွမ်းအင်လိုအပ်ချက်  

• Maintenance (ခန္ဓာကိုယ် အသက်ရှင်လှုပ်ရှားရန် အမှန်လိုအပ်သော စွမ်းအင်ပမာဏ)

• Regulating body temperature (ခန္ဓာကိုယ် အပူချိန်ထိန်းညှိခြင်း)

• Ruminating (စားမြှုံပြန်ခြင်း)

• Cell and organ function (ကိုယ်တွင်း အင်္ဂါများလုပ်ငန်း ဆောင်ရွက်ခြင်း)

• Milk production (နို့ထုတ်လုပ်ခြင်း)

• Pregnancy (ကိုယ်ဝန်ဆောင်ခြင်း)

• Movement (လှုပ်ရှားသွားလာခြင်း)

 

 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်