ရာသီဥတုနှင့်အညီ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရန် လိုအပ်

03/05/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း ရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲစိုက်ပျိုးကြရန် လိုအပ်ကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အမာကြည်၏ ပြောကြားချက်များအရ သိရသည်။

 

 

အဲ့ဒီရာသီဥတုပြောင်းလဲလာမှုရဲ့ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ မျိုးတွေ၊ ရာသီဥတုနဲ့လိုက်လျောညီထွေဖြစ်နိုင်တဲ့ ပိုးသတ်ဆေး အသုံးပြုခြင်း၊ ဓာတ်မြေသြဇာ အသုံးပြုတာကအစ စိုက်ပျိုးမှုနည်းစနစ်တွေ ပြောင်းလဲဖို့ လိုလာတယ်။ စိုက်စနစ်ဆိုရင် ဟိုတုန်းက သက်တမ်းရှည်တဲ့မျိုးတွေကို သုံးပေမယ့် အခုနောက်ပိုင်းမှာတော့ ရေလိုအပ်ချက်နည်းတဲ့ သက်တမ်းတိုမျိုးတွေကို ပြောင်းပြီးစိုက်လာတယ်။ သီးထပ်သီးညှပ်တွေ စိုက်လာတယ်။ ရေငတ်ဒဏ်ခံနိုင်တဲ့ သက်တမ်းရှည်မျိုးတွေဖြစ်တဲ့ ဝါလိုသီးနှံမျိုးတွေနဲ့ ရေလိုအပ်ချက်နည်းတဲ့ သက်တမ်းကို ပဲတီစိမ်းသီးနှံလိုမျိုးတွေကို သီးညှပ်စိုက်လာတယ်" ဟု ၎င်းက ပြောသည်။

 

မုံရွာမြို့နယ်သည် လယ်မြေတွင် စပါးစိုက်ပျိုးခြင်းထက် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဝါ၊ ဂျုံ၊ ကြက်သွန်နီ၊ အစေ့ထုတ်ပြောင်းနှင့် စက်မှုသီးနှံများကို အများဆုံးစိုက်ပျိုးသည့် မြို့နယ်တစ်ခုဖြစ်ရာ ရာသီဥတုကြောင့် စိုက်ပျိုးသည့်သီးနှံများ ပျက်စီးဆုံးရှုံဂမှု မရှိစေရေးအတွက် ပြောင်းလဲလာသည့် ရာသီဥတုနှင့် ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များကို အသုံးပြုစိုက်ပျိုးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အလင်း

 

 

 

 

 

 

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်