ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုစီကသူ့နေရာနဲ့သူအရေးပါကြတာချည်းပါပဲ။ ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းမွန်စွာလည်ပတ်လုပ်ဆောင်နေမှ ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာပါ။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကိုထိခိုက်စေတဲ့ အပြုအမူတွေရှိနေသလိုတစ်ခါတလေမှာ အစားအသောက်တွေကြောင့် လည်းခန္ဓာကိုယ်မှာထိခိုက်တာတွေရှိနေပါတယ်။ အခုတစ်ခေါက်တော့ ဘာရယ်မဟုတ်ဘဲထင်ပြီးလုပ်မိနေတဲ့ အပြုအမူတွေကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်ဖို့အတွက်ရာမှာအရေးပါတဲ့ကျောက်ကပ်ကိုထိခိုက်မိစေတဲ့ အပြုအမူလေးတွေအကြောင်းပြောပြပေးမယ်နော်။
ကျောက်ကပ်ကိုထိခိုက်စေနိုင်တဲ့ အမှတ်တမဲ့အပြုအမူတွေက
ဆီးသွားချင်တာကို အောင့်ထားတာ – ဆီးသွားချင်တဲ့အခါ အလုပ်မအားလို့။ လုပ်လက်စလေးပြီးပြတ်သွားအောင်လုပ်ချင်လို့၊ ပျင်းလို့၊ အပြင်ရောက်နေလို့ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆီးအောင့်ထားတတ်ကြမယ်ထင်ပါတယ်။ ဒီလိုအပြုအမူရှိတယ်ဆိုရင် ပြင်ဆင်လိုက်ပါ။ ဒီအပြုအမူကဘာမှမဟုတ်ဘူးထင်ရပေမယ့် ဆီးအိမ်ထဲမှာဆီးတွေအကြာကြီးရှိနေတာက ဘက်တီးရီးယားတွေကိုအလွယ်တကူပေါက်ဖွားစေနိုင်ပြီး ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။
ဆားအများကြီးစားမိတာ – မြန်မာလူမျိုးတွေဆိုရင်တော့ ဆားတင်မဟုတ်ပါဘူး။ ငံပြာရည်၊ငါးပိ၊ငါးခြောက်တွေကိုပါရှောင်ဖို့လိုပါမယ်။ လူတစ်ယောက်ဟာတစ်နေ့ကိုအငန်ဓာတ် ၅.၈ ဂရမ်ပဲစားသုံးပေးသင့်တာပါ။ အစားအစာတွေထဲမှာအငန်ဓာတ် အရမ်းများတာက ကျောက်ကပ်ကိုထိခိုက်စေနိုင်တာကြောင့် အငန်လျှော့စားပါ။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ