၂၀၂၀ ခုနှစ်တွင် ယခင်နှစ်များကထက် ဖားဈေးကွက်ကျဆင်းနေ

10/06/2020 13:45 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ၂၀၂၀ ခုနှစ်တွင် ယခင်နှစ်များကထက် ဖားဈေးကွက်ကျဆင်းနေကြောင်း စီးပွားဖြစ် ဖားမွေးမြူသူများကပြောသည်။

တစ်နှစ်ထက် တစ်နှစ် ရာသီဥတုက ပြောင်းလဲလာတယ်။ ရာသီဥတုက ပူတုန်းကလည်း အတော်ပူတယ်။ ဒေသဖားတွေ ဟိုးအရင်တုန်းကလို မပေါများတော့ဘူး။ လယ်ကွင်းထဲ ဖားရိုက်၊ ဖားကောက်သူတွေ အသိဆုံးပါ။ ကိုယ့်နိုင်ငံက လုံလောက်အောင်မှ မထုတ်လုပ်နိုင်တော့ ပြည်ပကဝင်လာတဲ့ဖားတွေလည်း ရှိတယ်။ ပြည်တွင်းမှာ ကိုယ်တိုင် ဖားသားဖောက်မွေးတတ်တဲ့သူကလည်း နည်းနေသေးတယ်။

ဟု ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာ ဖားမွေးမြူရေးခြံမှ ဦးမိုးရဲဝင်း (SALMON) က ပြောသည်။

    မူလဖားဈေးကွက် ခိုင်မာမှုမရှိသည့်အပြင် ဟိုတယ်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်များ အရောင်းအဝယ် နည်းပါးနေခြင်းကြောင့် ပြည်တွင်းရှိ ဖားမွေးမြူရောင်းချသူများ တွက်ချေမကိုက်ကြခြင်း ဖြစ်သည်။

သည်လိုပဲ ကိုယ်မွေးတာလေး ကိုယ့်ဘာသာဈေးကွက်ရှာ။ ထမင်းဆိုင်၊ ဟင်းဆိုင်၊ ဟိုတယ်တွေကို ပို့နေကြရတာ။ မွေးမြူတဲ့ မြေ၊ ရေ၊ နေရာတွေက ငှားမွေးရတာမို့၊ ဈေးကွက် တစ်ခုခုများအတိမ်းအစောင်းဖြစ်တာနဲ့ အရှုံးပေါ်ရောပဲ။

ဟု ဦးမိုးရဲဝင်း က ဆက်လက်ပြောသည်။

    ဈေးကွက်အတွင်း ဖားအသား(အစို) တစ်ပိဿာလျှင် ကျပ် (၄၀၀၀) ကျပ်မှ ကျပ် (၆၀၀၀) ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း သိရသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်