နို့စားနွားမက နို့ညစ်နေရင်း နို့ပျက်ကျပြီး သေဆုံးသွားတယ်။ ဘာလို့လဲ……

15/11/2018 14:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Moonlight Dairy Farm မှ နွားမွေးမြူသူတောင်သူ ကိုမောင်မောင်တာ ရွှေဘိုမြို့က မေးထားတဲ့မေးခွန်းလေးပါ။ ဖေါ်ပြပါနွားမသည်ကလေး မွေးပြီး ၄ ရက် ရသောအခါ ဘာရောဂါမှဖြစ်မနေဘဲ နို့ညှစ်ရင်း နို့လုံးပြတ် ထွက်သွားပါသည်။ ကျန်နို့လုံးများမှာလည်း အသားများရိနေပါသည်။ ထိုနေ့ညနေခင်းမှာပင် လဲသေသွားပါသည်။ ၎င်းနွားမနှင့်ပတ်သက်၍ မည်သည့်ရောဂါဖြစ်နိုင်ကြောင်း ကူးစက်ရောဂါဖြစ်နိုင်ပါသလား။ မည်သို့ကာကွယ်ရမည်ကို အကြံပေးပါရန်။

ထိုမေးခွန်းကို အစိမ်းရောင်လမ်းရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MDEP) မှ အောက်ပါအတိုင်းပြန်လည် ဖြေကြားပေးထားပါတယ်။

ဖြစ်နိုင်သည့် ရောဂါ ၂ မျိုး ပြောချင်ပါသည်။ (၁) နွား၏ နို့အုံများကြားရှိ အပေါ်ယံ အရေပြားများ (သို့) နို့တိုင်အနားရှိ အရေပြားများသည် ပွတ်တိုက်မှုကြောင့် ထိခိုက်မှုကြောင့် ပွန်းပဲ့အနာများ ဖြစ်လာသည်။ အနာကို သတိမထားမိပါက ပိုးဝင်ရောက်ကာ ပြင်းထန်လာပြီး နောက်ဆုံး သွေးဆိပ်သင့်ကာ သေဆုံးနိုင်သည်။ ထိုသို့ နို့အုံနှင့် နို့အုံတစ်ဝိုက်တွင် ထိခိုက်မှုကြောင့် အနာဖြစ်ခြင်းမျိုးမရှိ လျှင် (၂) နို့အုံရောင် (Mastitis) ကြောင့်ဖြစ်နိုင်ပါသည်။ နို့အုံရောင်ရောဂါသည် ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ရောဂါဖြစ်ပါသည်။ ရောဂါပိုးသည် နို့အုံအတွင်း နို့လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ကာ ပိုမိုလျင်မြန်လာပြီး နို့အုံရောင်ခြင်းဖြစ်စေသည်။ နို့အုံရောဂါဖြစ်စေသည့် ပိုးများသည် (၁) နို့အုံရောင်ရောဂါပိုးရှိသော နွားနို့မှတစ်ဆင့် တစ်ကောင်နှင့်တစ်ကောင် ကူးဆက်ခြင်း (၂) နွားခြံရှိ အခင်း၊ မြေကြီး၊ နွားချေး အညစ်အကြေးများမှတစ်ဆင့် ကူးဆက်ခြင်း ဟူ၍ လမ်းကြောင်း ၂ မျိုး ရှိသည်။ ကူးဆက်ရောဂါပိုးများတွင် Staphylococcus aureus နှင့် Streptococcus agalactiae ပိုများသည်။ နို့ညစ်ချိန်တွင် ကူးစက်နိုင်သည်။  Streptococcus uberis နှင့် Coliform, E.coli ပိုးများသည် နို့ခမ်းချိန်နှင့် မွေးဖွားချိန်တို့တွင် ကူးဆက်နိုင်ပါသည်။

မွေးပြီး လေးရက်တွင် ဘာရောဂါမှ မဖြစ်သည့်အတွက် ထိုနွားမကို တစ်သားနှင့် တစ်သားကြား (၁) နို့နားကာလ ၂လအပြည့် ပေးပါသလား။ နို့နားကာလ ၂ လ မပေးဘဲ နို့ဆက်လက် ညှစ်ယူခံရသည့် နွားမများတွင် ရောဂါဖြစ်နိုင်ချေရှိသည်။ (၂) နို့နားကာလ ၂ လ အပြည့်ပေးသည်ဆိုလျှင် နို့နားမပေးခင် နောက်ဆုံးညှစ်ယူရာတွင်  နို့အုံအတွင်း နို့ကျန်ခြင်းရှိလျှင် ဖြစ်နိုင်ပေသည်။ ထိုနွားမသည် နို့နားချိန်ကာလတွင် ရောဂါပိုးစတင်ဝင်ရောက်ကာ တဖြည်းဖြည်းနို့အုံပျက်ဆီးလာတာ ဖြစ်ပါတယ်။ ပြီးတော့ ဝင်သည့်ပိုးသည် ပိုမိုပြင်းသည့် E.coli အမျိုးအစားဖြစ်နိုင်ပေသည်။ ရောဂါပိုးအမျိုးအစားအတိအကျ သိချင်လျှင် ဓာတ်ခွဲခန်းတွင် စစ်ဆေးနိုင်ပါသည်။

နို့အုံရောင်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါသည်။ နို့ထွက်သည့် နို့တိုင်ပြွန်ချောင်းလေးသည် နို့ညှစ်ပြီး နာရီဝက်ခန့် အကြာမှ ပြန်ပိတ်ပါသည်။ ထိုသို့ နို့တိုင်မပိတ်ခင် နို့တိုင်သည် အခင်းရှိ အညစ်အကြေးများ၊ ပတ်ဝန်းကျင်မသန့်ရှင်းမှုနှင့် ထိတွေ့သည့်အခါ ပိုဝင်ရောက်နိုင်ပါသည်။  ထို့ကြောင့် နို့ညှစ်ပြီးတိုင်နို့တိုင်များကို အိုင်အိုဒင်းဆေးရည်ဖြင့် စွတ်ပေးရမည်။ အိုင်အိုဒင်းဆေးရည်သည် နို့တိုင်ကို ပိတ်ပေးထားပြီး ပိုးသတ်ပေးသည်။ နို့ညှစ်ပစ္စည်းအသုံးအဆောင် အလုံသန့်ရှင်းရမည်။ ဒါ့ပြင် နို့နားကာလမပေးခင် နောက်ဆုံးနို့ညှစ်ပြီးနောက်  Dry Cow Therapy (DCT) နို့နားနွားမများအတွက်သုံးသည့် နို့တိုင်အတွင်း ထိုးထည့်သည့် ဆေးပိုက်ချောင်းကို နို့တိုင်အားလုံးတွင် ထည့်ပေးရမည်။

ယခုထိုနွားသည် ပြင်းထန်သည့် ရောဂါပိုးဝင်ရောက်ကာ နောက်ဆုံးသွေးဆိပ်သင့်် သေဆုံးခြင်းဖြစ်သည်။ နို့အုံရောင်ရောဂါ စစ်ဆေးခြင်းနှင့် ကာကွယ်ခြင်းကို အစိမ်းရောင်လမ်းရဲ့ မွေးမြူရေးကဏ္ဍအောက်က  နွားကဏ္ဍတွင် ဝင်ရောက် လေ့လာဖတ်ရှု့ နိုင်ပါတယ်။

အစိမ်းရောင်လမ်း


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်