ပထမဆုံးအကြိမ် ဥစားဘဲမွေးမြူနည်းသင်တန်းပို့ချမည်

15/07/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မကွေးတိုင်း၊ စလင်းမြို့၌ ပထမဆုံးအကြိမ် ဥစားဘဲမွေးမြူနည်းသင်တန်း ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း အဆိုပါသင်တန်းမှ သိရသည်။

ဥစားဘဲမွေးမြူနည်းသင်တန်းကို သြဂုတ်လ လကုန်ပိုင်းလောက် ဖွင့်ဖြစ်လောက်ပါမယ်။ အခုလောလောဆယ်မှာက စီစဉ်စရာလေးတွေ ရှိနေသေးလို့ပါ။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနဲ့ ဒေသခံ အထွေထွေအုပ်ချုပ်ရေးပိုင်းတွေရဲ့ ခွင့်ပြုချက်တွေ ခွင့်ပြုမိန့်တွေ ရရှိအောင်လည်း စီစဉ်ရဦးမှာမို့လို့ပါ။ Covid-19 ကာလဆိုတော့လည်း အရာရာက သိပ်မလွယ်ကူဘူးပေါ့။

ဟု မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စီးပွားဖြစ် ဘဲမွေးမြူရေးလုပ်ငန်းမှ ကိုအောင်ကိုဦး က ပြောသည်။

    ဘဲမွေးမြူရေးလုပ်ကိုင်နေသော်လည်း စနစ်တကျနားလည်တတ်ကျွမ်းမှု မရှိသူများ၊ ဘဲခြံများတွင် ကျွမ်းကျင်လုပ်သားအဖြစ် လုပ်ကိုင်လိုသူများ၊ စီးပွားဖြစ် ဘဲမွေးမြူလိုသူများ၊ ဘဲမွေးမြူရေးကို စိတ်ပါဝင်စားသူများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ 

မွေးမြူရေးလုပ်ငန်းတွေထဲကမှ ဥစားဘဲမွေးမြူရေးဆိုတာ အနုပညာအရမ်းဆန်ပါတယ်။ မိမိတတ်သိသလောက် ငွေရင်းနည်းနည်းနဲ့ လုပ်ကိုင်ရလွယ်ကူတဲ့ လုပ်ငန်းတစ်ခုပါ။ ဘဲမျိုး၊ ဘဲအသက်အရွယ်အလိုက် ရွေးချယ်ကျွေးမွေးရတယ်ဆိုတာကိုတောင် မသိသူတွေ အများကြီးရှိပါတယ်။ ဘယ်သူမှအားမကိုးပဲ ကိုယ့်အားကိုယ်ကိုး လုပ်နိုင်ကိုင်နိုင်အောင် ဘဲဆိုတာက စရိတ်နည်းနည်းနဲ့ ဘယ်လိုမွေးရတယ်ဆိုတာတွေကို စာတွေ့လက်တွေ့ ပို့ချပေးမှာပါ။

ဟု ကိုအောင်ကိုဦး က ဆက်လက်ပြောသည်။

    အဆိုပါသင်တန်းကို (၃)ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး၊ သြဂုတ်လကုန်ပိုင်း၌ စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်