ရှားပါးပင်လယ်နို့တိုက်သတ္တဝါ. . . . . . . .ရေဝက် (Dugong)

28/11/2019 17:00 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရေဝက်များသည် ပင်လယ်နို့တိုက်သတ္တဝါ (Marine Mammals) များ ဖြစ်ကြပြီး သိပ္ပံအမည်မှာ _ Dugong ဟုအမည်ရပြီး မြန်မာလို "ရေဝက်"ဟု ခေါ်ဆိုကြပါသည်။ ရေဝက်ကို "ရေနွား" “ရေကုလားအုတ်"ဟု ခေါ်ဆိုကြသည်ကိုလည်း တွေ့ရပါသည်။

ရေဝက်များသည် သက်တမ်းရှည်ကြာနေထိုင်သော မျိုးစိတ်များဖြစ်ပြီး နှစ်(၇၀)ခန့်အထိ အသက်ရှင်နေထိုင်နိုင်ကြသလို ယခုအချိန်တွင် ရှားပါးမျိုးစိတ်စာရင်းတွင်လည်း ပါဝင်နေပါသည်။ ရေဝက်များသည် ပုံမှန်အားဖြင့် နှစ်နှစ်လျှင် () ကြိမ်သာ သားပေါက်လေ့ရှိပြီး မွေးဖွားရာတွင်လည်း တစ်ကောင်တည်းသာ မွေးဖွားလေ့ရှိပါသည်။ ထိုသို့မွေးဖွားနိုင်ရန်အတွက် မိခင်သည် သန္ဓေသားလောင်းကို (၁၃) လမှ (၁၅) လကြာ လွယ်ထားရလေ့ ရှိပါသည်။ မွေးကင်းစရေဝက်သားငယ်သည် အလေးချိန် (၂၀) ကီလိုဂရမ်ခန့် ရှိကြပြီးအရွယ်ရောက် ရေဝက်သည် (.၂ – ၃.) မီတာ အထိ ရှည်လျားပါသည်။

ရေဝက်များသည် မွေးဖွားပြီးနောက် သားပေါက်လေးများမှာ () နှစ်ခန့်သာ မိဘများနှင့်အတူ နေထိုင်လေ့ရှိကြပြီး သီးခြားနေထိုင်လေ့ရှိသည်။ နို့တိုက် သတ္တဝါမျိုးစိတ်ဖြစ်သည်နှင့်အညီ သဘာဝလေကိုရှူရန်အတွက် ရေမျက်နှာပြင်ပေါ်ကို တစ်နေ့လျှင် အနည်းဆုံး မိနစ်(၂၀)ခန့် တက်လာလေ့ရှိပါသည်။ ခန္ဓာကိုယ် အလေးချိန် ကြီးမားသော်လည်း ၎င်းတို့၏ ရေကူးအလျင်နှုန်းမှာ ()နာရီလျှင် (၁၀)ကီလိုမီတာအထိ ကူးခပ်နိုင်စွမ်းရှိပါသည်။

ခန္ဓာကိုယ်ဖွဲ့စည်းမှု အနေအထားအရ ရေဝက်များသည် တိုတောင်းပြီး ပြန့်ကားသောနှုတ်သီး၊ ကျဥ်းမြောင်းသော မျက်ဝန်းတစ်စုံ၊ အမြီးများတိုတောင်းသော်လည်း အလျားရှည်သည့်သဏ္ဍာန်ရှိသော ချစ်စရာကောင်းသည့် ပင်လယ်ရေဝက်များ ဖြစ်ကြပါသည်။ နို့တိုက်သတ္တဝါမျိုးနွယ်ဖြစ်သည့်နည်းတူ လူသားတို့အား ရန်မပြုတတ်သည့် မျိုးနွယ်စိတ်ပင်ဖြစ်ပါသည်။

ရေဝက်များမှာ ပင်လယ်မြက်၊ ရေစီးကြောင်းများနှင့်အတူ မျောပါလာသော သစ်ရွက်နုများ၊ ပန်းပွင့်၊ ပေါင်းပင်နှင့် ရေဆလပ်များကို အစာအဖြစ် စားသုံးကြပါသည်။ တစ်နေ့တာ အစာစားသုံးမှု ပမာဏမှာ ၎င်းတို့၏ ခန္ဓာကိုယ် အလေးချိန်နှင့် မလိုက်ဖက်သည့် အစာအနည်းငယ်ကိုသာ စားသုံးလေ့ရှိကြပါသည်။

ရေဝက်မျိုးစိတ်များကို အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းမှုအဆင့် CITES တွင်ပါဝင်နေပြီး အန္တရာယ် ကျရောက်နေသော မျိုးစိတ်စာရင်းတွင် ပါဝင်ပါသည်။ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်း၀ယ်ဖောက်ကားခြင်း၊ ဘေးအန္တရာယ်ပြုခြင်းတို့ မပြုလုပ်ကြရန် တားမြစ်ပိတ်ပင်ထားသော မျိုးစိတ်()ခုလည်း ဖြစ်ပါသည်။

ရှားပါးမျိုးစိတ်ဝင် ရေဝက်များကြောင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများမှာ သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်း မှတစ်ဆင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ အခွင့်အလမ်းများရရှိလာမည် ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးလုပ်ငန်းဦးစီးဌာန)

 

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်