စစ်တမ်းဖြေဆိုပြီး လက်ဆောင်များရယူလိုက်ပါ

11/03/2019 14:33 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှာ ရှိတဲ့ တောင်သူများသာ "စိုက်ပျိုးရေးလုပ်ငန်းသုံးသွင်းအားစုတွေကို ဘယ်လိုဝယ်ယူသလဲ" နှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင် အဖြစ် အကောင့်ပြုလုပ်ထားသူများလည်း "စိုက်ပျိုးရေးသွင်း သွင်းအားစုတွေ ဘယ်လိုရောင်းလဲ" စစ်တမ်းကို ကူညီဖြေဆိုပေးဖို့ ဖိတ်ခေါ်ပါရစေ။ 

အစိမ်းရောင်လမ်းက တောင်သူအတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်အသစ်တွေ အမြဲမပြတ် ထည့်သွင်းနေပါတယ်။ အခု ဒီစစ်တမ်းလေးကို ဖြေဆိုပြီး နောက်လာမည့် လုပ်ဆောင်ချက်အသစ်အတွက် အထောက်အကူပြုအောင် ကူညီဖြေဆိုပေးပါ။ ဖြေဆိုပေးတဲ့သူတွေအတွက်  စိုက်ပျိုးရေးသွင်းအားစုများကို အစိမ်းရောင်လမ်းဆော့ဝဲလ်မှတဆင့်  အခမဲ့စျေးဝယ်ခွင့်(၅၀၀၀၀,၃၀၀၀၀, ၁၀၀၀၀) ကျပ်တန် ကူပွန်များနှင့်ဖုန်းဘေလက်ဆောင်တွေလည်း ပေးသွားမှာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှ တောင်သူနှင့် စိုက်ပျိုးရေးအရောင်းပစ္စည်းဆိုင်အဖြစ် အကောင့်ပြုလုပ်ထားသူများသာ မြင်ရမှာ ဖြစ်ပါတယ်။ ဖြေဆိုရန်အတွက် အစိမ်းရောင်လမ်းကို ဖွင့်ပါ။ စစ်တမ်းစာမျက်နှာကို နှိပ်ပါ။ ပြီးလျင်တောင်သူအနေဖင့် "စိုက်ပျိုးရေးသွင်းအားစုတွေကို ဘယ်လိုဝယ်ယူသလဲ" နှင့် စိုက်ပျိုးရေးအရောင်းပစ္စည်းဆိုင်တွေဆိုလျှင် "စိုက်ပျိုးရေးသွင်းအားစုတွေကို ဘယ်လိုရောင်းလဲ" စစ်တမ်းကို ဖြေဆိုနိုင်ပါပြီ။ ပြီးဆုံးအောင် ဖြေဆိုတဲ့သူများကိုသာ လက်ဆောင်များ ပေးသွားမှာ ဖြစ်ပါတယ်။ 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်