သက်ရှည်ကျန်းမာရန် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ငါးနှင့် သီးနှံအစေ့မျာကို စားသုံးသင့်

18/07/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သုတေသီများသည် ကမ္ဘာအနှံ့ရှိ ကျန်းမာပြီး အသက်ရှည်သူများကို သုတေသနပြုလုပ်ကြရာ၌ သူတို့သည် ဟင်းသီးဟင်းရွက်များ သစ်သီးများ၊ ငါးများနှင့် သီးနှံအစေ့များကို အများဆုံးစားသုံးကြကြောင်း တွေ့ရှိခဲ့ကြသည်။

လေ့လာချက်တစ်ခု၌လည်း ကမ္ဘာတစ်ခွင်ရှိ သေဆုံးသူများ၏ ငါးပုံတစ်ပုံမှာ အစားအသောက်များ ညံ့ဖျင်းခြင်းနှင့် ဆက်နွယ်လျက်ရှိ၏။ ၎င်းတို့သည် အသီးအရွက်များ၊ အစေ့အဆန်မျာကို အစားနည်းကြပြီး အချို(သကြား) ဆားနှင့်ဆီများကို အစားများကြသည်ဟု ဖော်ပြထားသည်။ သေဆုံးသူများ၏ ဦးရေ သန်း ၁၀ ဝန်းကျင်မှာ နှလုံးနှင့် ဆိုင်သော ရောဂါကြောင့်ဖြစ်သည်။ ကင်ဆာက ဒုတိယလိုက်၏။ ကိုးသိန်းကျော်ခန့် သေဆုံးမှုရှိပြီး ဆီးချိုရောဂါကြောင့် လူပေါင်း လေးသိန်းနီးပါး သေဆုံးမှုရှိသည်။

ယနေ့ကမ္ဘာတစ်ခွင်တွင် လူတို့ အများဆုံးစားသော အစားအစာမျိုးပေါင်း ၁၅ မျိုးခန့်ရှိပြီး ၎င်းတို့တွင် နွားနို့၊ စည်သွတ်အသားများ၊ ပင်လယ်စာများ ဆိုဒီယမ်နှင့်ဖိုက်ဘာများ ပါဝင်၏။

၁၉၉၀ မှ ၂၀၁၇ ခုနှစ်အတွင်း သုတေသနပြုလုပ်ချက်များအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံတွင် အစားအသောက်များနှင့် ဆက်နွယ်၍ သေဆုံးမှု အများဆုံးနိုင်ငံများမှာ ပါပူဝါနယူးဂီနီ၊ အာဖဂန်နစ္စတန်နှင့် မာရှယ်ကျွန်းမျာားဖြစ်ပြီး သေဆုံးမှုအနည်းဆုံး နိုင်ငံများမှာ ပြင်သစ်၊ စပိန်နှင့် ပီရူးတို့ဖြစ်သည်။ အမေရိကန်မှာ ၄၃ အဆင့်၌ရှိပြီး တရုတ်မှာ အဆင့် ၁၄၀ ၌ ရှိခဲ့သည်။

အစားအစာများကိုစားကြရာ၌ ဆားများများစားခြင်းသည် စားသုံးသူ၏ ကျန်းမာရေးကို ဒုက္ခအများဆုံးပေးကြောင်း လေ့လာတွေ့ရှိကြရ၏။

ကျန်းမာရေးကေောင်းမွန်စေရန်အတွက် အသီးအရွက် အစေ့အဆန်များကို များများစားကြရန် ကျန်းမာရေးပညာရှင်များက အကြံပြုကြသော်လည်း လူအများစုသည် သားစိမ်းများကိုသာ အစားများကြသည်ဟု သိရသည်။

လယ်ယာစီးပွားဂျာနယ်

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်