''ကျန်းမာရေးရှု့ထောင့်အရ ငရုတ်ကောင်းစားသုံးခြင်း''

02/06/2021 11:00 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ငရုတ်ကောင်းကတော့ တကယ့်ကို ဆွဲမက်စရာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးနေကြတာများ...ပလူကို ပျံလို့ပါပဲ။ အဲ့ဒီတော့ စားတာတော့လည်း စားတာပေါ့။ စိုက်တာလည်း စိုက်တာပေါ့။ အနံ့အပြင်ကို လူတွေရဲ့ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးရရှိစေသလဲဆိုတာကို ဒီတစ်ခေါက်တော့ လေ့လာကြည့်ကြရအောင်...နော်။

(၁) Anti-tumor Properties

    ငရုတ်ကောင်းမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓါတ်ကြောင့် တော်ရုံတန်ရုံအနာတရလောက်တွေကို ကောင်းစေပါတယ်။

    ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    တချို့ကင်ဆာရောဂါတွေအထိကိုတောင် လျော့ချပေးနိုင်ပါတယ်။

(၂) အစာကြေစေတယ်

    ငရုတ်ကောင်းကိုစားလိုက်ရင် ခန္ဓာကိုယ်ထဲမှာ ဟိုက်ဒရိုကလိုရစ်အက်ဆစ်တွေ စစ်ထုတ်တာ ပိုများလာစေတယ်။ အဲ့ဒီတော့ အစာကြေတာကိုမြန်စေတယ် ကောင်းစေတယ်။ အစာမကြေတတ်တဲ့သူတွေဆို ငရုတ်ကောင်းသာ ထည့်ပြီးတော့စား။ 

(၃) ဝိတ်ကျစေတယ်

    ငရုတ်ကောင်းစေ့ရဲ့ အပြင်ဖက်အလွှာက ဝစေတဲ့အဆီတွေကိုချေဖျက်ဖို့အားပေးပါတယ်။  အဲ့ဒီတော့အဆီတွေချေဖျက်ရင်း အလေးချိန် မတက်တော့ဘူးပေါ့။

(၄) အသားအရေအတွက်ကောင်းတယ်

    ခရုသင်းလို အရေပြားတွေဖြူပြီးဖြစ်တတ်တဲ့ရောဂါကို ငရုတ်ကောင်းက ကာကွယ်ပေးပါတယ်။

(၅) ပွင့်သွားစေတယ်

    နှာလေးစေးနေတာ ငရုတ်ကောင်းခတ်ပြီးချက်ထားတဲ့ ဟင်းရည်လေးများသောက်လိုက်ရင် ပွင့်ကုန်ရောလေ။ အသက်ရှုလမ်းကြောင်းကိုကောင်းမွန်အောင် ထောက်ပံ့နိုင်တဲ့အစွမ်းရှိတာ ငရုတ်ကောင်းပါ။

(၆) ပေးစွမ်းနိုင်

    မှိုနဲ့ဘက်တီးရီးယားတွေမလာအောင် တားဆီးကာကွယ်မှုတွေကို ငရုတ်ကောင်းကပေးစွမ်းနိုင်တယ်။

(၇) ပြည့်ဝစေမှု

    သူနဲ့တွဲစားတဲ့ အစားအစာတွေရဲ့အဟာရကို အပြည့်ရအောင် ကူညီလုပ်ဆောင်ပေးနိုင်တယ်တဲ့။ အပြည့်အဝရချင်ရင်ငရုတ်ကောင်းကိုသတိရလိုက်ပါ။

(၈) ကာကွယ်မှု

မှတ်ဉာဏ်အားကို ကောင်းစေတယ်။ အယ်ဇိုင်းမာလိုရောဂါတွေကို ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားမယ်။

(၉) စစ်တမ်းအရ

    လေ့လာတွေ့ရှိချက်တွေအရတော့ ငရုတ်ကောင်းက အစာအိမ်အမြှေးပါးကို ပိုပြီးတော့ ကောင်းစေတယ်ပါတယ်တဲ့။ 

    အဲ့ဒီတော့ အထက်မှာဖော်ပြထားတဲ့ အချက်(၉)ချက်နဲ့တင် ငရုတ်ကောင်းက ဘယ်လိုတွေတောင် တန်ဖိုးကြီးမြင့်သွားပြီလဲ? ငရုတ်ကောင်းရဲ့စွမ်းအင်တွေက ဂရယ်ဘယ်တီအပြင်ဖက်ထိ ခုန်ထွက်လို့ပေါ့...!


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်