နော်ဝေအစိုးရ၏ အကူအညီဖြင့် ထိုင်နိုင်ငံရှှိ AIT ကျောင်းက ပညာသင်ဆုများပေးမည်

25/01/2014 08:48 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ထိုင်းနိုင်ငံရှိ Asian Institiute of Technology (AIT) ကျောင်းသည် နော်ဝေအစိုးရ၏ ကူညီထောာက်ပံ့မှုဖြင့် မြန်မာနိုင်ငံမှ ဘွဲ့လွန်သင်တန်းတက်ရန်  လျှောက်ထားသူများထဲမျ ကျောင်းသား ကျောင်းသူဦးရေ ၄၀ ခန့်အား NMFA Scholarship for Myanmar ၂၀၁၄ အမည်ရှိ ပညာသင်ဆု ကို ပေးအပ်ရန် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာသင်ဆုကို လျှောက်ထားလိုသူသည် တက္ကသိုလ်တစ်ခုခုမှ  ဘွဲ့ ရပြီးသူ ဖြစ်ရမည်ဖြစ်ပြီး GPA အနည်းဆုံး ၂.၇၅ ရှိရမည်လည် ဖြစ်သည်။  ထို့အပြင် အင်္ဂလိပ်စာ အရေးအပြော ကျွမ်းကျင်ပြီး လုပ်ငန်း အတွေ့အကြုံ တစ်နှစ်ရှိကာ အသက် ၄၀ အောက် အရွယ်လည်း ဖြစ်ရမည်ဖြစ်သည်။ NMFA (Norwegian Miistry of Foreign Affairs) သည် ရွေးချယ်ခံရသည့် ကျောင်းသား ကျောင်းသူများအား ကျောင်းလခ အပါဝင် ပညာသင်စရိတ်အားလုံး ထောက်ပံ့မည်ဖြစ်သည်။

စိတ်ဝင်စားသူ ကျောင်းသား ကျောင်းသူများသည် လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ပုလဲကွန်ဒို (Building B) ပထမထပ်တွင်ရှိသော AIT AA Myanmar Chapter အခန်း F ၂၁၊ (KOE Dental Clinic) တွင် ရယူခြင်းနှင့် တင်းခြင်းများ ပြုလုပ်နိုင်ပြီး အသေးစိတ်အချက်များကိုလည်း စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။ ဆက်သွယ်မေးမြန်းနိုင်သည် ဖုန်းနံပါတ်များမှာ ၀၉ ၂၅၀၀ ၈၈၈၈၆၊ ၀၉ ၅၁၁ ၉၈၅၈ တို့ဖြစ်ပြီး makaam@gmail.com သို့လည်း အီးမေးလ်ဖြင့် စုံစမ်းနိုင်ကြောင်းလည်း သိရသည်။

AIT ၏ တရားဝင် ဝက်ဆိုဒ်မှ http://www.ait.ac.th/admissions/Current_Scholarships/nmfa-scholarships-f...တွင်လည်း ပညာသင်ဆုနှင့် ပတ်သတ်ပြီး သိလိုသည့် အချက်အလက်များ ဆက်သွယ်စုံစမ်းနိုင်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်တွင် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုများ ပေးအပ်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၃၁ ရက်၊ နံနက်ပိုင်းတွင်  နော်ဝေသံရုံး၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်ဦးချယ်

Credit: Journal and Facebook uploader


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်