မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပထမနှစ် ဝင်ခွင့်လျောက်လွှာများ ခေါ်ယူ

27/06/2018 11:01 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တိရစ္ဆာန်ဆေးပညာဘွဲ့(DVM)          (၆)နှစ်သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့(BASc) ၄နှစ်သင်တန်းသို့ တက်ရောက်ပညာသင်ကြးခွင့်   ရရှိစေရန်အတွက် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများလျှောက်ထားနိုင်သည်။
၂။(က) တိရစ္ဆာန်ဆေးပညာဘွဲ့(DVM) ၆နှစ်သင်တန်းအတွက်              တက္ကသိုလ်ဝင်စာမေးပွဲတွင်စုစုပေါင်းရမှတ်(၄၂၀)မှတ်နှင့်အထက်ရရှိသူ အမျိုးသားဦးရေ(၅၀)ဦးနှင့် အမျိုးသမီးဦးရေ (၅၀) ဦးစုစုပေါင်း (၁၀၀)ဦးလက်ခံသွားမည်။
(ခ) မွေးမြူရေးပညာဘွဲ့(BASc) ၄နှစ်သင်တန်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင်စုစုပေါင်းရမှတ် (၃၇၀) မှတ်နှင့်အထက်ရရှိသူ အမျိုးသားဦးရေး (၇၅) ဦးနှင့် အမျိုးသမီးဦးရေ (၇၅) ဦးစုစုပေါင်း(၁၅၀)ဦး လက်ခံသွားမည်။
၃။ ဝင်ခွင့်လျှောက်ထားသူသည်-
(က) တက္ကသိုလ်ဝင်ခွင့်လျှောက်ထားချိန်၌ တည်ဆဲနိုင်သား ဖြစ်မှုဥပဒေနှင့် ကိုက်ညီသောနိုင်ငံသားဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ၊ ဇီဝဗေဒ ဘာသာတွဲဖြင့်     အောင်မြင်သူဖြစ်ရမည်။
(ဂ)၂၀၁၈ခုနှစ် နိုဝင်ဘာ ၁၉ရက်တွင် အသက် နှစ်ထက် မကြီးစေရ။
(ဃ) ကျန်းမာရေးနှင့်ပြည့်စံုသူ ဖြစ်ရမည်။
၄။ ပထမနှစ်ဝင်ခွင့် လျှောက်လွှာသတ်မှတ်ပုံစံမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပြီး မိမိအစီအစဉ်နှင့်(A4 size စာရွက်ဖြင့်ကွန်ပြူတာ စာစီ၍ သတ်မှတ်ရက် အတွင်း တိုက်ရိုက်လျှောက်ထားရန်ဖြစ်ပါသည်။
၅။ ပထမနှစ်ဝင်ခွင့်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည်-
(က) တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မူရင်း)
(ခ) တက္ကသိုလ်ဝင် အမှတ်စာရင်း (မူရင်း)
(ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း၊ ကျေးရွာ/ရက်ကွက်အုပ်ချုပ်ရေးမှူး
    / သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ထောက်ခံချက်(မူရင်း)
(ဃ) ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ် ဆရာဝန်၏ ထောက်ခံချက်(မူရင်း)
(င) လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏နိုင်ငံသားစိစစ်ရေးကဒ်
(စ) လိုင်စင်ဓာတ်ပံု၃ပံု
၆။ လျှောက်လွှာကို မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ကျောင်သားရေးရာဌာန၊ (ရေဆင်း) သို့လိပ်မူ၍ ၃၁-၈-၂၀၁၈ (သောကြာနေ့) နောက်ဆံုးထား၍ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်။ သက်မှတ်ရက်ထက်နောက်ကျသောလျှာက်လွှာများ၊ မပြည့်စံုသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မမှန်မကန်ဖော်ပြ၍ လျှောက်ထားကြောင်း စစ်ဆေးတွေ့ရှိပါက ရွေးချယ်ခြင်းခံရစေကာမူပယ်ဖျက်ခြင်း၊ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရမည်။
(၇) အကယ်၍ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆံုးရှံုးမှုမဖြစ် စေရန်အတွက် တက္ကသိုလ်ဝင်ခွင့်စီစစ်ရွေးချယ်ရေးအဖွဲ့က သတ်မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသ ိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။
(၈) အသေးစိတ်သိရှိလိုပါက မွေးမြူးရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ကျောင်သားရေးရာဌနဖုန်း ၀၆၇-၄၃၁၆၆၅၉၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဖုန်း ၀၆၇-၃၄၁၆၅၂၆ တို့ကို ရံုးချိန်အတွင်း ဆက်သွယ်စံုစမ်းနိုင်ပါကြောင်းနှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ website ဖြစ်သော www.uvsyezin.edu.mm တွင် ကြည့်ရှုရယူနိုင်ပါကြောင်း ကြေညာအပ်ပါသည်။



 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်