"ဖြစ်နိုင်ခြေကတော့ သူတို့နိုင်ငံတွေမှာ အစာစက်ရုံတွေပေါတော့ ဈေးကွက်ယှဉ်ပြိုင် ရတဲ့အခါ ပိုလျှံတာတွေ၊ မရောင်းရလို့ လက်ကျန်တွေကနေ ရက်လွန်တာတွေဖြစ်နိုင် တယ်။ ကျွန်တော်တို့ကတော့ အစားအသောက် ဘေးကင်းလုံခြုံရေးဘက်မှာ အားနည်းတဲ့နိုင်ငံ ဖြစ်နေတော့ ရက်လွန်အစာတွေရောင်းချတဲ့ ဈေးကွက်တစ်ခုဖြစ်သွားမှာ စိုးရိမ်ပါတယ်။ နိုင်ငံခြားကသွင်းတဲ့အစာတချို့က ဈေးကွက် ထဲရောက်တဲ့အချိန်မှာ ရက်လွန်တာတွေဖြစ် နေတယ်။ အဲဒီလိုရက်လွန်တဲ့အထဲမှာ နှစ်မျိုး ရှိတယ်။ လာကတည်းက သက်တမ်းလွန်နေ တာလား၊ ဒီရောက်မှ မရောင်းရလို့ရက်က လွန်သွားတာလားပေါ့နော်။ အဲဒါမျိုးတော့ ကျွန်တော်တို့အတိအကျမသိနိုင်ဘူး။ သက်တမ်း လွန်တဲ့အစာတွေ မြန်မာနိုင်ငံရောက်လာပြီး တော့ ဈေးကွက်အတွင်းဖြန့်တယ်"ဟု မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးဝင်းကြိုင်က ပြောဆိုသည်။
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်
Greenovator