ဟိုတယ်၊ စားသောက်ဆိုင်များမှ မှာယူမှုနည်းသဖြင့် ဥစားကြက်ခြံတချို့ အရှုံးပေါ်

02/06/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    Covid-19 ဖြစ်စဉ်နောက်ပိုင်း ဟိုတယ်နှင့် စားသောက်ဆိုင်ဈေးကွက်များ လူဝင်လူထွက် အရောင်းအဝယ် နည်းပါးလာခြင်းကြောင့် ဥစားကြက်ခြံများထံမှ ကြက်ဥမှာယူမှုနှုန်းလည်း အဆမတန်ကျဆင်းသွားကြောင်း သိရသည်။

ပြည်သူတွေက ပိုက်ဆံကပြတ်၊ ဈေးဆိုင်တော်တော်များများက မထွက်၊ အရင်လို ရောင်းမကောင်းဘူး။ အရင်ကဆို စားသုံးသူအင်အားနဲ့ ကွက်တိလောက်ရှိတယ်။ အခုက ရောင်းလိုအားများပြီး၊ ဝယ်လိုအားနည်းနေတယ်။ တရုတ်၊ အိန္ဒိယတို့ကလည်း ပိတ်ထားတယ်။ ဥစားကြက် ဈေးကွက်ကျဆင်းနေတယ်။ အဓိကက ကိုဗစ်ကြောင့်ပေါ့။ ဟိုတယ် စားသောက်ဆိုင်တွေကို ပို့ရတဲ့အရေအတွက် နည်းသွားတယ်လေ။

ဟု စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့နယ်၊ ကျွန်းတောရေရှင်ကျေးရွာမှ ဥစားကြက်မွေးမြူသူ ဦးသန်းမြင့်က ပြောသည်။

    လက်လီရောင်းချသူများ အရောင်းသွက်သော်လည်း ဟိုတယ်၊ စားသောက်ဆိုများသို့ အဓိက တင်ပို့ရောင်းချသည့် ဥစားကြက်မွေးမြူသူများမှာမူ ရိုက်ခတ်မှု ခံစားနေရခြင်း ဖြစ်သည်။ 

အော်ဂဲနစ်ကြက်ဥကိုတော့ အကုန်အကျများပြီး သိပ်မကိုက်လို့ ဖြုတ်လိုက်ပြီ။ အခု ရိုးရိုး ဥစားကြက်တော့ ဆက်မွေးနေပါတယ်။ ကြက်ကောင်ရေကတော့ ကောင်ရေ ၅၀၀၀ လောက် ကျန်ပါသေးတယ်။ ကြက်ဥတစ်လုံးကို ၈၀ ကျပ်၊ ၉၀ ကျပ်ဈေးနှုန်းသာ ရတော့ အစာဖိုးရအောင် မနည်းကြိုးစားနေရတယ်။

ဟု ဦးသန်းမြင့်က ဆက်လက်ပြောသည်။

    ၂၀၂၀ ခုနှစ်၊ မေလ ၃၁ ရက်အထိ ဈေးနှုန်းများအနေဖြင့်၊ ကြက်ဥ  ဥကြီးတစ်လုံးလျှင် ၈၉ ကျပ်၊ ပုံမှန် တစ်လုံးလျှင် ၇၇ ကျပ်၊ ဥလတ် တစ်လုံးလျှင် ၆၅ ကျပ်၊ ဥကွဲတစ်လုံးလျှင် ၅၀ ကျပ်ဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်