လမိုင်းထားစိုက်ပျိုးခြင်းက ပုံမှန်ထက် စောပြီးရင့်မှည့်ပါတယ်

27/08/2019 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ကြံစိုက်ပျိုးရာတွင် လမိုင်းထားခြင်းမှာ လုပ်ဆောင်မြဲ အလေ့အကျင့် ဖြစ်ပါသည်။ လမိုင်းထားခြင်းဖြင့် ထွန်ယက်စရိတ်၊ မျိုးဖိုး စသည့်စိုက်ပျိုးစရိတ်များကို သက်သာစေပါသည်။ ကြံခုတ်ပြီး တစ်ပတ်အတွင်းမှစတင်၍ လမိုင်းထားရန်အတွက် စနစ်တကျ ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သည့် ကြံလမိုင်းခင်း ရရှိစေနိုင်ပါသည်။

   ကြံငုတ်ဖြတ်ခြင်း - ကြံရိုးငုတ်များကို ပေါက်ပြားထက်ထက်ဖြင့် မြေပြင်နှင့်အညီ ဒင်္ဂါးဝိုင်းပေါ်အောင် ဖြတ်ပေးခြင်းဖြင့် မြေအောက်ရှိ ပင်စည်ပိုင်းမှ အတက်ထွက်လာစေသလို မြေဆီလွှာအတွင်းပိုင်းအထိ အမြစ်ဖွဲ့စည်းမှုကောင်းကောင်းကို ရရှိစေပါသည်။

   ပေါင်တင်ခြင်း - အပင်တန်း၏ဘေးတစ်ဖက်တစ်ချက်တွင် ထယ်ထိုး၍ ပေါင်တင်ပေးခြင်းဖြင့် အမြစ်ဖွဲ့စည်းပုံကို ပိုမိုကောင်းမွန်စေပြီး မြေဆီလွှာမှ အပင်အာဟာရများနှင့် ရေကိုစုပ်ယူရာတွင် ပိုမိုလွယ်ကူစေပါသည်။ 

   အပင်လပ်များအား ဖာထေးခြင်း - အပင်တစ်ပင်နှင့်တစ်ပင် ၂၄ လက်မထက် ကွာဝေးပါက အပင်ဖာရန်လိုပါသည်။ အပင်ဖာရာတွင် သားတက်များစွာပေါက်နေသည့် အမြစ်ဆုံအား တူးယူပြီး လေးခြမ်းခြမ်း၍ဖြစ်စေ၊ ပျိုးထောင်ထားသည့် ပျိုးပင်အားဖြစ်စေ အသုံးပြု၍ဖြစ်စေ ဖာထေးနိုင်ပါသည်။ 

   ပင်ကျပ်နှုတ်ပယ်ခြင်း - ကြံပင်များ အလွန်ကျပ်လွန်းပါက တစ်တန်းခြားထယ်ထိုး၍ ဖယ်ရှားပေးနိုင်ပါသည်။ ထယ်ထိုးဖယ်ရှားသည့် အပင်များမှာ ကြံ့ခိုင်ဖွံ့ဖြိုးသည့် အပင်များကို ရွေးချယ်၍ အပင်ဖာထေးရန်အတွက် အသုံးပြုနိုင်ပါသည်။ အပင်ကျပ်နှုတ်ပယ်ခြင်းဖြင့်  အပင်များအတွက် နေရောင်ခြည်၊ လေနှင့် အစာရေစာပိုမိုရှိစေကာ သားတက်ပိုထွက်ရှိလာစေပါသည်။ 

   မြေသြဇာကြွေးခြင်း - ကြံလမိုင်းအတွက် တစ်ဧကလျှင် နိုက်ထရိုဂျင် ၃၇ ကီလိုဂရမ်၊ ဖော့စပါးရပ်စ် ၂၅ ကီလိုဂရမ်နှင့် ပိုတက်စီယမ် ၁၆ ကီလိုဂရမ်တို့အား အတက်ထွက်ပြီး ၃၀ ရက်တွင်တစ်ကြိမ်၊ ၆၀ ရက်တွင်တစ်ကြိမ် နှစ်ကြိမ်ခွဲ၍ ပေါင်းလိုက်စဉ်နှင့် ပေါင်တင်စဉ်တွင် ထည့်သွင်းပေးပါ။ 

   လမိုင်းခင်းများသည် စိုက်ခင်းထက် တစ်လစော၍ရင့်မှည့်ပါသည်။ သမားရိုးကျ ကြံစိုက်နည်းအရ လမိုင်းထားခြင်းကိုနှစ်ကြိမ်ခန့်သာ ထားနိုင်သော်လည်း SSI ကြံစိုက်နည်းသစ်ဖြင့် စိုက်ပျိုးပါက ၅ – ၆ ကြိမ်အထိ လမိုင်းထားခြင်းရှိနိုင်ပါသည်။

စိုက်ပျိုးရေးရားအသုံးချ သုတပဒေသာ - ဒေါက်တာမောင်မာ (စိုက်ပျိုးရေး)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်