မွေးမြူရေးကကတစ်ငါး အစာကျွေးနည်း

12/03/2020 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁) အစာစိမ်း ငါးနုတ်၊ ငါးဖွဲများကို ၄ လက်မအရွယ်အထိ ကြိတ်သားကျွေးခြင်း၊ ၄ လက်မအထက် နုတ်နုတ်စင်းကျွေးခြင်းနှင့် အပိုင်းပိုင်းဖြတ်၍ ကျွေးခြင်းဖြင့် ကျွေးရပါမည်။

၂) အစာခြောက်များကိုကျွေးရာ၌ အရွယ်အစားအမျိုးမျိုးရှိသော အစာများကို အသုံးပြု၍ ကျွေးရပါမည်။

အစာကျွေးနည်း 

အစာစိမ်းကျွေးပါက ငါးအလေးချိန် (၁၀၀) ဂရမ်အထိ၊ ခန္ဓာကိုယ်အလေးချိန် (၈ %) ကို တစ်နေ့နှစ်ကြိမ် ခွဲ၍ကျွေးရပါမည်။ (၃၀၀) ဂရမ်အထိ (၅%) ကို တစ်နေ့ (၂) ကြိမ် ခွဲ၍ကျွေးရပါမည်။ (၆၀၀) ဂရမ်အထိ (၄%)ကို တစ်နေ့တစ်ကြိမ်၊ (၁) ကီလိုအရွယ်အထိ (၃%) ကို တစ်နေ့တစ်ကြိမ် ကျွေးရပါမည်။

အစာခြောက်ကျွေးပါက အသားဓာတ်ပါဝင်မှု (၄၂-၄၅ %) ရှိ အစာများကို အလေးချိန် (၁၀၀) ဂရမ်အထိ ခန္ဓာကိုယ်အလေးချိန်၏ (၃%) ကို တစ်နေ့နှစ်ကြိမ်ခွဲ၍ ကျွေးရပါမည်။ (၅၀၀)ဂရမ်အထိ (၂ %)ကို တစ်နေ့နှစ်ကြိမ်ခွဲ၍ ကျွေးရပြီး (၁) ကီလိုအရွယ်အထိ (၁.၅ %) ကို တစ်နေ့တစ်ကြိမ် ကျွေးရပါမည်။

ငါးအရွယ်အစားခွဲခြားခြင်း

ကကတစ်ငါးမှာ အသားစားငါးဖြစ်ပြီး ၄ လက်မခွဲအရွယ်အထိ အရွယ်မညီပါက အချင်းချင်း ပြန်လည်စားသောက်တတ်သဖြင့် အရွယ်အစားခွဲခြားပေးရန် အရေးကြီးပါသည်။ 

အနည်းဆုံး လေးရက်တစ်ကြိမ် (သို့) တစ်ပတ်တစ်ကြိမ် အရွယ်ခွဲခြားပေးရန် လိုအပ်ပါသည်။ 

မွေးမြူကာလကြီးထွားနှုန်း

ဦးဇော် (dof)

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ) 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်