သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ဘွဲကြို ပထမနှစ်ဝင်ခွင့်လျောက်လွှာ ခေါ်ယူခြင်း

10/07/2018 10:11 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

၁။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ သိပ္ပံ(သစ်တောပညာဘွဲ့)()နှစ်သင်တန်းသို့ ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ လျှောက်ထားနိုင်သည်။

 

၂။ အမျိုးသားနှင့် အမျိုးသမီး(:၂၀)ဖြင့် စုစုပေါင်းဦးရေ ၁၀၀ လက်ခံမည်။

 

၃။ လျှောက်ထားသူသည်-

 

(က) ဝင်ခွင့်လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသောနိုင်ငံသားဖြစ်ရမည်။

 

() တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

 

() တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၃၆၀နှင့် အထက် ရရှိရမည်။

 

() တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး (က)အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသူဖြစ်ရမည်။

 

() မိုင်(၂၀)လမ်းလျှောက်စွမ်းရည်စစ်ဆေးမှု အောင်မြင်ရမည်။

 

၄။ ဝင်ခွင့်လျှောက်လွှာကို အောက်ဖော်ပြပါ သတ်မှတ်ပုံစံအတိုင်း (A4 size) အရွယ် စာရွက်တွင် မိမ်အစီအစဉ်ဖြင့် ကွန်ပြူတာစာစီရိုက်နှိပ်ပြီး လိုင်စင်အရွယ်ဓာတ်ပုံကပ်၍ လျှောက်ထားရန်ဖြစ်သည်။

 

၅။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများပူးတွဲတင်ပြရမည်-

 

(က) သက်ဆိုင်ရာအခြေခံပညာအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး၏ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံချက်(မိတ္တူ)

 

() မြန်မာနိုင်ငံစာစစ်အဖွဲ့က ထုတ်ပေးသော ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် အမှတ်စာရင်းမိတ္တူ၊

 

() လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးတို့၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)

 

() သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ တို့မှ ကျန်းမာကြောင်း ဆေးစစ်ချက် (မူရင်း) နှင့် မျက်စိ အရောင်ခွဲခြားနိုင်ခြင်း (colour blind) ဆေးစစ်ချက်(မူရင်း)

 

() ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရရာ ရဲစခန်း၊ ကျေးရွာ/ရက်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက် (မူရင်း)

 

() လိုင်စင်အရွယ် ဓာတ်ပုံ ()ပုံ (ပူးတွဲ)

 

၆။ လျှောက်လွှာများကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်၊ သို့ ၃၁--၂၀၁၈ ရက် (သောကြာနေ့) ရုံးချိန်အတွင်း နောက်ဆုံးထား၍ အရောက်ပို့ပေးရမည်။ သတ်မှတ်ရက်ထက် နောက်ကျသော၊ အထောက်အထားမပြည့်စုံသော လျှောက်လွှာများကို ရွေးချယ်ရာတွင်ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ အချက်အလက်များမမှန်မကန် ဖော်ပြထားကြောင်းစစ်ဆေးတွေ့ရှိပါက ရွေးချယ်ခြင်းခံရစေကာမူ ပယ်ဖျက်ခြင်း၊ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံရမည်။

 

၇။ ပဏာမရွေးချယ်ခံရသူများစာရင်းကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်၌ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီး တစ်ဦးချင်းထံသို့ အကြောင်းကြားမည် မဟုတ်ပါ။

 

၈။ မိုင်(၂၀) လမ်းလျှောက်စွမ်းရည် စစ်ဆေးချင်းကို သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပါ၍ ပဏာမရွေးချယ်ခံရသူများစာရင်း ထုတ်ပြန်ကြေညာချိန်တွင် စစ်ဆေးမည့်နေ့ရက်ကို တစ်ပါတည်း ထည့်သွင်းကြေညာမည်။ အစစ်ဆေးခံရန်လာရောက်သည့်အခါ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင့်ကြောင်း ထောက်ခံချက်မူရင်း၊ အမှတ်စာရင်းမူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်တို့ကို မပျက်မကွက် ယူဆောင်လာရမည်။

 

၉။ အသေးစိတ်သိရှိလိုပါက သစ်တောနှင့် ပတ်ဝန်းကျင်းဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၆၅၁၉သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

 

(မောင်မောင်လွင်)

 

ဒုတိယဦးစီး-စီမံ

 

 

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်