ငါးမွေးမြူသူများအနေဖြင့် ဆောင်းရာသီတွင်ဖြစ်ပွားတတ်သော ငါးရောဂါအကြောင်းကို သိရှိစေရန်အလို့ငှာ ဖော်ပြပေးလိုက်ပါသည်။
ရောဂါဖြစ်ပွားရသည့် အကြောင်းရင်း
Ichthyophthiriasis multifiliis ရောဂါပိုးကြောင့် ဖြစ်ပွားပါသည်။
ရောဂါလက္ခဏာများ
- ကပ်ပါးများ တွယ်ကပ်မှုများလျှင် အရေပြား(သို့) ပါးဟက်များတွင် လည်းကောင်း၊ ဆူးတောင်များတွင်လည်းကောင်း အဖြူစက်မြောက်များစွာ တွေ့ရှိရမည်ဖြစ်သည်။
- ရောဂါကျရောက်သောငါးများသည် အစာစားနှုန်းလျော့ကျသွားပြီး မျက်စိမှာ အလင်းပိတ်သွား၍ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
- ရောဂါပြင်းထန်သော ငါးများသည် အချွဲများထုတ်ပြီး ကန်နံရံအား ခန္ဓာကိုယ်ဖြင့် ပွတ်တိုက်ကြမည်ဖြစ်သည်။
- ယင်းသို့ပွတ်တိုက်ခြင်းကြောင့် အနာများဖြစ်ပေါ်လာပြီး နောက်ဆက်တွဲရောဂါများအနေဖြင့်ဘက်တီးရီးယားရောဂါ၊ မှိုရောဂါများ ဖြစ်ပေါ်လာနိုင်ပါသည်။
ဖြစ်ပွားနိုင်သော ငါးအမျိုးအစား
ငါးခူ၊ ငါးကြင်းငါးသိုင်းအုပ်စု၊ မြက်စားငါးကြင်း၊ တီလားပီးယား၊ ကကတစ်၊ ကျောက်ငါးနှင့် ငါးပါးနီငါးများတွင် ဖြစ်ပွားနိုင်ပါသည်။
ဖြစ်ပွားတတ်သည့် အချိန်ကာလ
ဆောင်းရာသီအဝင်နှင့် နွေအကူးကာလများတွင် ဖြစ်ပွားတတ်ကြပြီး ကန်အရည်အသွေးညံ့ဖျင်းပါကလည်း ရာသီမရွေးဖြစ်ပွားနိုင်ပါသည်။
ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း
- ငါးကောင်ရေ ထူထပ်များပြားခြင်းအား သတိပြုရန်။
- ဆောင်းရာသီအဝင်နှင့် နွေအကူးကာလများတွင် ဖြစ်ပွားတတ်သဖြင့် ငါးမွေးကန်အတွင်း ရေအခြေအနေများကို (pH, D.O,Temperature) စနစ်တကျ တိုင်းတာဂရုပြုရန်၊ စစ်ဆေးရန်။
- မဖောက်ထုံး (CaO) ကို တစ်ဧကလျှင် ပိဿာ ၁၀၀ နှုန်းခန့် ထည့်သွင်းရန်။
- ရေ (၁၀၀၀) လီတာ နှင့် ၅ ကီလိုဂရမ် ဆားရေကို ၃ ရက် သုံးခြင်းဖြင့် နောက်ဆက်တွဲရောဂါများကို တားဆီးရန်ဖြစ်ပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
မှီငြမ်း- ငါးလုပ်ငန်းဦးစီးဌာန။
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်