ငါးမွေးမြူရေးနှင့် ရေအရည်အသွေးစီမံခန့်ခွဲမှု အပိုင်း(၁)

12/05/2022 11:00 AM တွင် Rio Amora Rio Amora မှ ရေးသား

*ငါးမွေးမြူရေးလုပ်ငန်းတွင် ရေအရည်အသွေးသည် အရေးအကြီးဆုံအပိုင်းဖြစ်သည်။

အစာ၏အကျိုးသက်ရောက်မှု ကြီးထွားနှုန်း၊ ရှင်သန်နှုန်း၊ငါး၏ကျန်းမားရေးတို့အပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။ ရေအရည်အသွေးပြောင်းလဲမှုများသည် ငါးကုန်ထုတ်လုပ်မှုကို ပြောင်းလဲစေသည့်အတွက် လိုအပ်သော စံချိန်စံညွန်းအတိုင်း ပြုပြင်ပြောင်းလဲပေးရသည်။

* ကန်ရေ၏အရည်အသွေးသည် သွင်းယူသည့် ရေအရည်အသွေးကြောင့်လည်းကောင်း၊ ကန်မြေကြီး၏ အရည်အသွေးနှင့် ရုတ်တရက်ပြောင်းလဲသော ပတ်၀န်းကျင် အခြေအနေကြောင့်လည်းကောင်း၊ ထုတ်လုပ်မှုနည်းပညာကြောင့်လည်းကောင်း ပြောင်းလဲမှုရှိသည်။

 

ငါးမွေးမြူရေးနှင့်ဆက်နွှယ်သော ကန်ရေ၏ အရည်အသွေးတိုင်းတာချက်များ

- ရေအပူချိန်(Temperature)

- ပျော်၀င်အောက်စီဂျင်(Dissolved Oxygen)

- ရေကြည်နှုန်း(Transparency)

- ရေအရောင်(Water Colour)

- ချဉ်ဖန်နှုန်း(pH)

- ထုံးဓာတ်ပါ၀င်နှုန်း(Alkalinity)

- ရေစေးခြင်း(Hardness)

- အမိုးနီးယား(Ammonia NH3)

- နိုက်ထရိတ် နှင့် နိုက်ထရိုက်(Nitrate and Nitrite)

 

ရေအပူချိန်(Temperature)

- ကန်ရေ၏အပူချိန်သည် ငါးများကျန်းမာရေး၊ အစာစားနှုန်း၊ ကြီးထွားမှု၊ မျိုးပွားမှုတို့အပေါ်သက်ရောက်မှုရှိသည်။

- 25° C - 31°C အပူချိန်သည် ငါးများအတွက်အကောင်းဆုံးဖြစ်သည်။

- ရေအပူချိန်သည် အောက်စီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် နိုက်ထရိုဂျင်တို့ကို ထိန်းချုပ်ထားသည်။

 

ပျော်၀င်အောက်စီဂျင်(D.O)

- သတ္တဝါအားလုံးအတွက်အောက်စီဂျင်သည်မရှိမဖြစ်လိုအပ်သည်။

- ကန်ထဲတွင်ရှိသော အပင်မျှော၊ ရေမှော်များ အစာချက်လုပ်ခြင်းမှ အောက်စီဂျင်ကို အများဆုံးရရှိသည်။

- အောက်စီဂျင်နိမ့်လာပါက ငါးများအစာစားမှုကို လျော့နည်းလာစေပြီး ငါးများသေဆုံးနိုင်သည်။

- ငါးများအတွက် 5ppm-10ppm သည် အကောင်းဆုံးဖြစ်သည်။

 

ရေကြည်နှုန်း(Transparency)

- ကန်ရေ၏ ရေကြည်နှုန်းသည် ကန်ထဲတွင်ရှိသော အပင်မျှော၊ သတ္တမျှော၊ ရွှံ့နွံများသိပ်သည်းမှုကြောင့်ဖြစ်သည်။

- ရေကြည်နှုန်းကို sacchi disc ဖြင့်တိုင်းတာရမည်။

- ရေကြည်နှုန်းတိုင်းတာမှုကို နေ့ခင်းပိုင်းတွင်ပြုလုပ်ရမည်။

- ရေကြည်နှုန်းတိုင်းတာမှသာ အပင်မျှောလှေး သိပ်သည်းဆကို သိနိုင်မည်။

- 30cm-40cmကြားသည် ရေကြည်နှုန်းအကောင်းဆုံးဖြစ်သည်။

 

ရေအရောင်(Water Colour)

- ကန်ထဲရှိရေ‌အရောင် ကွဲပြားမှုသည် အပင်မျှောလှေး သတ္တမျှောလှေး ပေါကြွယ်၀မှုအပေါ်တွင်မူတည်သည်။

- အပင်မျှောလှေး သတ္တမျှောလှေးနည်းလွန်းလျှင် ရေအရောင်မှာကြည်နေမည်ဖြစ်၍ အပင်မျှောလှေး သတ္တမျှောလှေးများလွန်းလျှင် ရေအရောင်မှာ အရောင်ရင့်နေမည်ဖြစ်သည်။

- ကန်ရေ‌အရောင်သည် စိမ်းဝါရောင် (သို့) အုန်းစိမ်းရောင်ဖြစ်နေပါက အကောင်းဆုံးဖြစ်သည်။

 

ချဉ်ဖန်နှုန်း (pH)

- ကန်ရေများထဲ၌ pH ပမာဏသည် 1-14 အထိရှိသည်။

- pH 1-6 သည် အက်စစ်အခြေအနေဖြစ်၍ 7.5-14 သည် ဘေ့စ် အခြေအနေဖြစ်စည်။

- pH 7သည် သောက်သုံးနိုင်သော ရေသန့်ဖြစ်သည်။

- ငါးမွေးမြူရေးအတွက်pH 7.5-8.5 သည် အကောင်းဆုံးအခြေအနေဖြစ်သည်။

- မိုးများစွာ ရွာသွန်းသောရက်တွင် pHနိမ့်ကျတတ်သည်။    pH ကို အနိမ့်ဆုံးဖြစ်သည့် မနက် ၆ နာရီနှင့် အမြင့်ဆုံးဖြစ်သည့် မွန်းလွဲ ၃ နာရီအတွင်း တိုင်းတာသင့်ပါသည့်။

- မနက်ပိုင်းနှင့် ညနေပိုင်း pH ကွာခြားချက်မှာ 0.5ထက် မပိုစေရပါ။

- ကန်ရေ၏ pH ကို နေ့စဉ် တိုင်းတာစစ်ဆေးသင့်ပါသည်။

- pH တန်ဖိုး 5 အောက်လျော့ကျ (သို့ ) pHတန်ဖိုး 11‌ကျော်ပါက ငါးများသေဆုံးနိုင်သည်။

 

ထုံးဓာတ်ပါ၀င်နှုန်း(Alkalinity)

- ငါးများရှင်သန်ကြီးထွားမှုအတွက် အရေးပါပြီး pH ပြောင်းလဲမှုကို ထိန်းညှိပေးသည်။

- ငါးမွေးကန်ရေတွင် Alkalinity 90ppmအထက်သည် အကောင်းဆုံးဖြစ်သည်။

- Alkalinity နိမ့်နေလျှင် CaCo3 (ထုံး) ထည့်သွင်းပေးရသည်။

 

ရေစေးခြင်း(Hardness)

- ကန်ရေထဲ၌ Hardness လျော့နည်းလျှင် ငါးများအား စိတ်ဖိစီးမှု ဖြစ်ပေါ်စေသည်။

- Hardness 70-150ppm သည် ငါးများအတွက်အကောင်းဆုံးဖြစ်သည်။

- Hardness တအားမြင့်လွန်းလျှင်လည်း pH မြင့်တက်မှုကြောင့် ငါးများသေဆုံးနိုင်သည်။

- Hardness ကို လျော့ကျစေရန် ကျောက်ချဉ်သုံးပေးရသည်။

- Hardnessကို မြင့်တက်စေရန် ဒိုလိုမိုက်ကို သုံးပေးရသည်။

 

အမိုးနီးယား(Ammonia NH3)

- ငါးများစွန့်ထုတ်သောအညစ်အကြေးများထဲတွင် အမိုးနီးယား နှင့်ယူရီးယားတို့ ပါ၀င်သည်။

- အမိုးနီးယားသည် ငါးများအတွက် အဆိပ်အတောက်ဖြစ်စေနိုင်သည်။

- အစာအကြွင်းအကျန်များမှလည်း အမိုးနီးယားကို ဖြစ်ပေါ်စေနိုင်သည်။

- အမိုးနီးယားပါ၀င်နှုန်းမှာ အနည်းဆုံး 0.02ppmထက် လျော့နည်းရမည်။

- ငါးကန်ထဲတွင် အပင်မျှောလှေးများ အစုလိုက်သေဆုံးမှုဖြစ်သောအခါ အမိုနီးယားအဆိပ်အတောက်ဖြစ်မှုကိုပိုမိုတွေ့ရှိရသည်။

- အမိုးနီးယားအဆိပ်အတောက်ဖြစ်မှုသည် ကန်ရေ၏အပူချိန်၊ pH၊ ပျော်၀င်အောက်စီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ပြောင်းလဲမှုပမာဏနှင့် သက်ဆိုင်နေသည်။

 

နိုက်ထရိတ် နှင့် နိုက်ထရိုက် (Nitrate and Nitrite )

- နိုက်ထရိတ်ပါ၀င်မှုသည် ငါးမွေးကန်အတွင်း 0-40mg/L အတွင်း ရှိသင့်သည်။

- နိုက်ထရိတ်သည် ရေညှိတက်ခြင်းကိုအားပေးသဖြင့် ထိန်းသိမ်းရမည်။

- ငါးမွေးကန်အတွင်း နိုက်ထရိုက်ပါ၀င်မှုပမာဏသည် 0.0-0.5mg/L အတွင်းရှိရမည်။

- နိုက်ထရိုက်သည် ငါးများ၏ သွေးတွင်း အောက်စီဂျင်ကိုလျော့နည်းစေသည်။

- နိုက်ထရိုက်ပမာဏမြင့်ပါက ငါးများကို အန္တရာယ်ဖြစ်စေနိုင်သည်။

- နိုက်ထရိုက်ပမာဏမြင့်တက်လာပါက ဆားကြမ်းအသုံးပြု၍ လျှော့ချရမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်