ငါးမွေးကန်ပြင်ဆင်ခြင်း

21/06/2018 10:00 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း ( ငါးသားပေါက်မထည့်သွင်းခင်နှင့် ထည့်သွင်းနေစဉ်စီမံခန့်ခွဲမှု)

၁။ ရေမှော်/ ဒိုက်ပင်များထိန်းချုပ်ခြင်း

ရေမှော်ပင်/ဒိုက်ပင် ကန်အတွင်းရှိနေခြင်းဖြင့်

• နေရောင်ခြည်ထိုးဖေါက်မှုကိုတားဆီးသဖြင့်သဘာဝအစားအစာဖြစ်ပွားမှုကိုအဟန့်အတားဖြစ်စေပါသည်။

• ကန်ရေရှိအာဟာရများနှင့်မြေသြဇာများကိုစုပ်ယူစေသည်။ 

• ရေမှော်ပင်များသည် ဓါတ်ပြုပြိုကွဲခြင်းမှ အဆိပ်ဓါတ်ငွေများထုတ်လွှင့်မှုကြောင့် ကန်ရေညစ်ညမ်း ပြီး၊ ငါးများကိုရောဂါများဖြစ်ပွားစေနိုင်ပါသည်။

ရေမှော်ပင်များကို ထိန်းချုပ်နိုင်သည့် နည်းလမ်းများ

ရေမှော်ပင်များကို မိမိကိုယ်တိုင်လက်ဖြင့် ရှင်းလင်းနိုင်ပါသည်။ 

မှတ်ချက် - ကန်နှင့် ကန်ဘောင်များ တွင် စိုက်ပျိုးပြီး ကြီးထွားစေနိုင်သည့် အပင်များ ဥပမာ- ကန်စွန်းရွက် နှင့် အခြား ဟင်းသီးဟင်းရွက်အပင်များအား  မြေသားကန်(သို့) တာပေါ်လင်ကန် ရေမျက်နှာပြင်၏ သုံးပုံတစ်ပုံခန့် ဖုံးလွမ်းစေသည့်အထိ စိုက်ပျိုးစေပါ။ 

၂. ငါးကန်ဘောင်(တမံ) ပြန်လည်ပြုပြင်ခြင်း

အကယ်၍ငါးကန်ဘောင်ကျိုးပါက-

• မိုးသည်းထန်စွာရွာသွန်းခြင်း(သို့) ရေကြီးရေလျှံစဉ်ကာလအတွင်း ငါးကန်ရေမြုပ်ပါက ငါးအားလုံး ထွက်သွားနိုင်ပါသည်။

• အသားစားငါးများနှင့် မွေးမြူရေးငါးမဟုတ်သည့် ပြင်ပမှငါးများ မိမိငါးကန်အတွင်း ဝင်ရောက်လာပါက မိမိတို့မွေးမြူထားသည့်ငါးများကို အန္တရာယ်ပေးနိုင်ပါသည်။

ငါးကန်ဘောင်ပြန်လည်တည်ဆောက်ခြင်း နည်းလမ်းများ

ခြောက်သွေ့သော ရာသီတွင်၊ ငါးကန်အောက်ခြေရှိ ရွှံ.မြေများကို စက်ဖြင့် (သို့) လုပ်အားဖြင့် ဖယ်ထုတ်ပြီး ငါးကန်ဘောင်(တမံ)ကိုကောင်းစွာပြင်ဆင်နိုင်ပါသည်။

၃။   ငါးကန်ဟောင်းအောက်ခြေရှိ ရွှံ့နှုန်းအနည်အနှစ်များကိုဖယ်ရှားခြင်း နှင့် ကန်ကို အခြောက်ခံခြင်း

ကန်အောက်ခြေတွင်ရွှံ့နှစ်၊အနည်များ သာမန်ထက်အလွန်များပြားခြင်းသည်

• ကန်ရေတွင် အဆိပ်ဓါတ်ငွေ့များဖြစ်ပေါ်စေသည်။ 

• ရေထုထဲတွင်အောက်စီဂျင်ပါဝင်မှုလျော့နည်းလာမည်။ 

• ဆွဲပိုက်ဖြင်ငါးဖမ်းရာတွင်အခက်အခဲဖြစ်စေနိုင်သည်။ 

ရွှံ့နှစ်၊ အနည်များကိုငါးကန်အောက်ခြေမှ ဖယ်ရှားခြင်း နည်းလမ်း

ငါးကန်ဟောင်း၏အောက်ခြေမှ ပိုနေသည့့် ရွှ့ံ့နှစ်အနည်းများကို ညီညာစွာဖယ်ရှားပါ၊လက်ကျန်

ရွှံ့နှစ်၊အနည်များကိုဖယ်ရှားပြိးနောက် အောက်ခြေနေဇီဝသက်ရှိများ ပေါက်ဖွားရှင်သန်နိုင်ရန် ၆လက်မခန့် ကန်၏အောက်ခြေတွင် ရွံ့နှစ်ကို ချန်ထားရမည်။ 

မှတ်ချက် - ဆောင်းရာသီကုန်ဆုံးပြီးပါကကန်အောက်ခြေရှိ ရွံ့နှစ်၊အနည်များကို ၂ နှစ် တစ်ခါ (သို့) ၃ နှစ် တစ်ခါ မကြာခဏ ဖယ်ရှားခြင်းဖြင်.ကန်ကိုအခြောက်ခံပါ။

၄။ အသားစားငါများနှင့် မွေးမြူရေးငါးမဟုတ်သည့်ပြင်ပမှငါးများ(သို့)သဘာဝငါးများကို ထိန်းချုပ်ခြင်း

အကယ်၍   မွေးမြူရေးငါးများကို စားသုံးမည့်  အသားစားငါး  ( ငါးရိုင်း)  ကန်အတွင်းရှိနေပါက

• မွေးမြူရေးငါးသားပေါက်များသည် အသားစားငါးများ၏စားသောက်ခြင်းကိုခံရပါမည်။

သားစားငါးတစ်ကောင် အတွက် ၁ ကီလိုဂရမ် (၆၃ကျပ်သား) ကြီးစေရန် မွေးမြူထားသောငါးသားပေါက်များ ၁၀-၁၂ ကီလိုဂရမ် (၁၀ ပိသာမှ ၁၂ ပိသာ) ခန့် စားသုံနိုင်သည်။ ( ဥပမာ - ငါးရံ ၊ ငါးခူ၊ ကကတစ် )

• မွေးမြူငါးများနှင့် အစာယှဉ်ပြိုင်မှုရှိနိုင်သည်။ မွေးမြူငါးများ စားသုံးမည့်အစာ ( ဖြည့်စွက်စားများနှင့် သဘောဝအစာများ) ကို ၎င်းငါးများက စားသုံးနိုင်သည်။

• မွေးမြူရေးငါးများတွင် ရောဂါ ကူးစက်ပြန့်ပွားနိုင်သည်။ 

အသားစားငါးများများနှင့် မွေးမြူရေးငါးမဟုတ်သည့် ပြင်ပမှငါးများကိုဖယ်ရှားနည်း

ဆွဲပိုက်ကိုသုံးပြီးကန်ထဲမှ အထက်ပါငါးများကို အကြိမ်ကြိမ်ဖမ်းဆီးခြင်း (သို့) ကန်အခြေက်ခံခြင်း (သို့)

လ္ဘက်စေ့ကြိတ်ဖတ် (သို့) ဟုမ်းမြစ် သုံးခြင်း( နောက်ဆုံးအဆင့် အနေဖြင့်သာအသုံးပြုရန်)

၅။  ငါးရိုင်းသတ်ဆေးအသုံးပြုခြင်း  ( နောက်ဆုံးအဆင့်အနေဖြင့်သာ အသုံးပြုရန်)

ရိုတီနုန်းဆေးအသုံးပြုခြင်း နည်းစနစ်များ

အသုံးပြုမည်. ရိုတီနုုန်းဆေး၏သုံးပုံတစ်ပုံကိုဆေးလုံးများအသွင်ပြုလုပ်ပြိး၊ ကျန်သုံးပုံနှစ်ပုံကိုရေဖြင့်ဖျော်ပါ၊

ဆေးလုံးများကိုကန်အတွင်းနေရာအနှံ့ တစ်လုံးချင်းပစ်ထည့်ပါ။ ထို့နောက်အထက်ပါဆေးဖျော်ရည်ကို

ကန်ရေပြင်ပေါ်အနှံ့ဖျန်းပေးပါ၊ ဆေးဖြန်းထည့်/ဖြန်းပြီး၂၀-၂၅မိနစ်ကြာပါက ငါးရိုင်းများကိုအလွယ်တကူလျင်မြန်စွာ

ဖမ်းယူနိုင်ပါသည်။ မြန်မြန်မဖမ်းယူနိုင်လျှင် ငါးရိုင်းများသည် ပြန်လည် အသက်ရှင်နိုင်ပါသည်။ 

ရိုတီနုုန်းဆေး (ငါးရိုင်းသတ်ဆေး)  အသုံးပြုနိုင်သည့် အချိုးအဆ 

ကန်ရေအနက်တစ်ပေ၊ ကန်ဧရိယာ (စတုရန်းပေ ၄၀၀ခန့်) တစ်ဒက်စီမယ်လျှင် ရိုတီနုုန်းဆေး(အဆ)

(၂၅-၃၀) ဂရမ် (၂ ကျပ်သားခန့်) လိုအပ်ပါသည်။ အဆိပ်အာနိသင်ကာလမှာ(၇)ရက်ဖြစ်ပါသည်၊

မှတ်ချက် - (ရိုတီနုန်း)ငါးရိုင်းသတ်ဆေးကိုငါးကန်တွင်ထည်သွင်းခြင်းဖြင့်အသားစားငါးများနှင့် မွေးမြူရေးငါးမဟုတ်သည့် ပြင်ပမှငါးများ (သို့) သဘာဝငါးများကို ဖယ်ရှားနိင်ပါသည်။ အဆိုပါ ငါးရိုင်းသတ်ဆေးအသုံးပြုခြင်းဖြင့် သေဆုံးသွားသည့် ငါးများကိုမူစားသုံးနိုင်ပါသည်။  

၆။  ငါးကန်ပြုပြင်ကာလထုံးထည့်ခြင်း 

ငါးကန်ထဲထုံးထည့်ခြင်းဖြင့်

• ကန်ရေနှောက်ကျိမှုကို လျှော့နည်းစေသည်

• ချဉ်ဖန်နှုန်းတိုးလာမည်၊

• မြေသြဇာ၏အကျိုးအာနိသင်ကိုတိုးစေပါသည်၊

• ကပ်ပါးကေါင်များ၊အဏူဇီဝပိုးများနှင်ဘက်တီးရိးယားပိုးများကိုပျက်ဆီးစေနိုင်ပါသည်၊

ထုံးထည့်ပုံ နည်းစနစ်များ 

ရေနှင့်ဖျော်ပြီးငါးကန်၏အောက်ခြေကြမ်းပြင်နှင့် ငါးကန်ဘောင်(တမံ) နှင့် ငါးကန်ရေပြင်ပေါ် (သို့) မတ်ခွက်(သို့)ဇလုံကိုအသ့ုံးပြု၍ဖြန်းပေးပါ၊ ရိုတီနှုန်းထည့်ပြီး (၁-၂) ရက်အကြာတွင်၎င်းထည့် နိုင်ပါသည်။ ငါးကန်ပြင်ဆင်ချိန် ကာလအတွင်း ဝ.၀၁ ဧက ကန်အတွက် ထုံးကို ၁ ကီလိုဂရမ် ( ၆၃ကျပ်သားခန့်) ဖြူးပေးပါ။ 

၇။ ငါးကန်ပြင်ဆင်ချိန်ကာလအတွင်း မြေသြဇာ အသုံးပြုခြင်း 

မြေသြဇာကျွေးခြင်းဖြင့်

• သဘာဝငါးစာဖြစ်သည့်ရေညှိ၊ အင်းဆက်ငယ်များ၊  တီကောင်ငယ်များ၊ သံကောင်နှင့် ပိုးကောင်းများ ငါးကန်အတွင်းကြီးထွားဖြစ်ထွန်းစေပါသည်။ 

မြေသြဇာထည့်သွင်းအသုံးပြုပုံ နည်းစနစ်များ

• တီဆူပါကို တစ်ညသိပ်ရေစိမ်ထားပါ။ 

• နောက်တစ်နေ့နံနက်နံနက်(၁၀-၁၁)နာရီခန့်တွင် ပုလဲဓါတ်မြေသြဇာကို ရေဖျော်၍ ညသိပ်ရေစိမ်ထားသော တီဆူပါနှင့် ရောစပ်၍ ကန်ရေပြင်အနှံ့ နှံစပ်အောင်ဖြန်းပေးပါ။ 

ငါးကန်ပြင်ဆင်ချိန်ကာလမြေသြဇာကျွေးမည့် ပမာဏ

• သစ်ရွက်ဆွေး (သို့) နွားချေးခြောက်- ဝ.၀၁ ဧက ကန်အတွက် (၆-၁၀ ကီလိုဂရမ်) ၃ ပိသာ ၇၅ကျပ်သားမှ ၆ ပိသာခန့် 

• ယူရိးယား(ပုလဲ) - ဝ.၁ဧက ကန်အတွက်  (၁၅၀ဂရမ်-၂၀၀ ဂရမ်/ ၁၀ ကျပ်သားခန့်- ၁၂ကျပ်ခွဲသားခန့်) 

• တီဆူပါ ၇၅-၁၀၀ ဂရမ် (၅ ကျပ်သားခန့် - ၆ ကျပ်သားခန့်) 

၈။   ငါးကန်ထဲတွင်ရှိသဘာဝအစားအစာကို လက်ကိုအသုံးပြုပြီး သုံးသပ်ခြင်း

• လက်ကိုကန်ရေပြင်ထဲသို့ဒေါင်လိုက်အနေထားဖြင့် တစ်တောင်ဆစ်မြုပ်သည်အထိ စိုက်ထည့်ထားပြီး လက်ဖဝါးကိုဖြန့်ကြည့်ပါ။ လက်ဖဝါးကိုရေပြင်ပေါ်မှ မမြင်ရပါက ရေသြဇာပြည့်ဝနေပြီဟု မှတ်ယူရမည်။ အကယ်၍ လက်ဖဝါးကို မြင်ရပါက ကန်ရေသြဇာနည်းနေပြီဖြစ်ကြောင်း သတ်မှတ်ရပါမည်။ ယင်းသို့ ဖြစ်ပါကမြေသြဇာကိုငါးကန်ထဲသို့ထည့်ပေးသင့်ပါသည်။ 

မိသားစုတစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်း စီမံခန့်ခွဲမှှု အိတ်ဆောင်စာစောင် ( farmer guide book 1) 

MYCulture Project

WorldFish-Myanmar

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်