ပန်းတနော်တွင် ကျပ်ဘီလီယံ ၂၀ ကုန်ကျမည့် ငါးတန်မွေးမြူရေးစီမံကိန်း ဆောင်ရွက်မည်

14/10/2018 11:06 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စီမံကိန်းတွင် တစ်နှစ်လျှင် သုံးကြိမ်ခန့် ငါးတန်မွေးမြူရောင်း ချမည်ဖြစ်ပြီး ၁၀၀ ဂရမ်အလေးချိန်ရှိသည့် သားပေါက်များကို ငါးကန်ကြီးများတွင် ပြောင်းရွှေ့မွေးမြူကာ လေးလအကြာ၌ ၁ ကီလိုအလေးချိန်ရှိသည့် ငါးတန်များရရှိနိုင်ရန် လေ့လာစမ်းသပ်ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။‘‘တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ငါးတန်ကို နည်းမျိုးစုံနဲ့ စားနေကြတာရှိတယ်။ ဘေးထွက်ပစ္စည်းဖြစ်တဲ့ အဆီတို့၊ အရေခွံတို့ပါ ဈေးကွက်တွေရှိလာပါပြီ။ အဲဒါကြောင့် အဖွဲ့က အများပိုင်ကုမ္ပဏီတစ်ခု ထောင်ချင်တယ်။ အဲဒီလိုမထောင်ခင်ပုဂ္ဂလိကကုမ္ပဏီလေးတစ်ခု တည်ထောင်ပြီး ဆောင်ရွက်ပြမယ်။ ဝန်ကြီးဌာနကလည်း တာဝန်ပေးမယ်။ စီမံကိန်းအောင်မြင်မှုပေါ်မူတည်ပြီး အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် တိုးချဲ့သွားမှာပါ’’ ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်