အစာကျွေးချိန်မှာ ငါးတွေထင်သလောက်မတွေ့ရှိပါက ကျွေးတဲ့အစာကို မကြိုက်ကြတာ ဖြစ်ပါလိမ့်မယ်။ ထိုအခြေအနေနဲ့ကြုံပါက......
(၁) ကျွေးတဲ့အစာကို ပြောင်းလဲအစားထိုးကျွေးသင့်ပါတယ်။
(၂) ငါးအစာနည်းတဲ့အကြောင်းအရင်းက ရေအရည်အသွေးမကောင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ငါးကျန်းမာရေးထိခိုက်ခြင်းနဲ့ ငါးအတွက် မနှစ်သက်ဖွယ် အခြေအနေကျရောက်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၃) ငါးတွေ ကျန်းမာသန်စွမ်းမှုရှိ မရှိ အခြေအနေကို ငါးနမူနာကောက်ယူတဲ့ အချိန်မှာ စစ်ဆေးကြည့်ရှု့နိုင်ပါတယ်။
(၄) ငါးဦးခေါင်းပိုင်းက ကိုယ်ပိုင်းထက်ကြီးနေတဲ့ အနေအထားတွေ့ရှိပါက အစာပြတ်လပ်မှု၊ အစာမလုံလောက်မှု တို့ကြောင့် ဖြစ်ကြောင်းသိရှိနိုင်ပါတယ်။
(၅) အရည်အသွေးညံ့တဲ့အစာ ( ဗီတာမင်၊ သတ္တုဓာတ် နဲ့ အခြားအဟာရဖြစ်စေတဲ့ ကုန်ကြမ်းတွေမပါဝင်တဲ့ ငါးစာ) တွေကိုသာ စားသုံးရသဖြင့် သန်စွမ်းမှုမရှိခြင်းကြောင့် အစာစားခြင်း ရပ်တန့်သွားနိုင်ပါတယ်။
ခန္ဓာကိုယ်နဲ့ အမြီးကောက်ကွေးနေခြင်း၊ ဦးခေါင်းပိုင်း နိမ့်ဆင်းနေခြင်း စတဲ့လက္ခဏာတွေက ငါးတွေကျန်းမာသန်စွမ်းမှုရှိ မရှိ အခြေအနေကို ဆုံးဖြတ်ရာမှာ ထည့်သွင်း စဉ်းစားရမယ့် အချက်ပဲဖြစ်ပါတယ်။
Ref: ငါးမွေးမြူရေးဆိုင်ရာ အာဟာရ ပြည့်ဝသည့် ငါးအစာ ပြုလုပ် ထိန်းသိမ်းကျွေးမွေးခြင်း စီမံခန့်ခွဲမှု အိတ်ဆောင်စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ