မြိတ်ဒေသထွက် ရေထွက်ကုန်များ အချိန်မှီ တင်ပို့နိုင်ရန် ဆိပ်ခံတံတားများ လိုအပ်နေ

13/12/2018 13:57 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

“ လက်ရှိ တိုင်းဒေသကြီးအစိုးရက ဆိပ်ခံတံတား နှစ်စင်း စတင်တည်ဆောက်နေပါပြီ။ ဒီလိုပဲ တခြားသော ရေထွက်ပစ္စည်းတွေ ထွက်တဲ့ကမ်းတွေမှာလည်း တိုးချဲ့ဆောက်လုပ်ပေးရင် ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေ အတွက် ပိုပြီးအဆင်ပြေလာစေမှာပေါ့။ ရေထွက်ကုန်တွေကို ထိုင်းဘက်ကို အများဆုံးပို့နေသလို အပြန်အလှန် တင်သွင်းတာတွေလည်း ရှိတယ်။ ရေထွက်ကုန်က စနစ်တကျ ထုပ်ပိုးပြီးတော့ တင်ပို့တာလည်းဖြစ်လို့ OSS နဲ့ ဆောင်ရွက်နိုင်မယ့် ဆိပ်ခံတ့တားတွေ လိုအပ်တယ်” ဟု ရေထွက်ပစ္စည်းလုပ်ငန်းရှင် ဦးမောင်လတ်က ပြော သည်။

မြိတ်ကမ်းနား ဆိပ်ကမ်းတွင် နေ့စဉ် ဆိုက်ကပ်သွားလာနေသော စက်တပ်ယာဉ် ၃၀၀ ခန့်ရှိပြီး  ငါးဖမ်းယာဉ် များမှ ကုန်တင်၊ ကုန်ချ ဆောင်ရွက်ကြကြောင်း၊ မြိတ်မြို့ထွက် ရေထွက်ပစ္စည်း ကုန်ကြမ်းများ၊ ကုန်ချော မျိုး စုံကို ပင်လယ်ရေကြောင်းမှ လည်းကောင်း၊ မြိတ်ကုန်သွယ်ရေးစခန်းမှ လည်းကောင်း တင်ပို့လျက်ရှိသည်။

ဆက်လက်ဖတ်ရှု့ရန်


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်