တွဲဖက်မစားသင့်သော သီးနှံပင်များနှင့် အစားအစာများ

21/01/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သဘာဝပေါက်ပင် စားသုံးပင်များတွင် စားကောင်းသည့်အပင် မစားကောင်းသည့်အပင်များရှိပါသည်။ အပင်များနှင့်ပတ်သတ်ပြီး အစားတစ်လုတ်ကြောင့် ဒုက္ခမရောက်စေဖို့ ဒီဆောင်းပါးမှ တွဲဖက်မစားသင့်တဲ့ ဟင်းသီးဟင်းရွက်များနှင့် အစားအစာများကို လေ့လာပါ..

ဖရဲသီးနှင့်ဘဲဥ ကို ရောနှောစားသုံးမိပါက အဆိပ်အတောက်ဖြစ်၍ အသက်ဘေးကို စိုးရိမ်မကင်းဖြစ်စေနိုင်ပါတယ်။ အလားတူပင်

ပျားရည်နှင့် ရှားစောင်း

လက်ဖက်ပုပ်နှင့် မဲဇလီအဖူး/အရွက်

ပျားရည်နှင့် ဥသျှစ်

စောင်းလျားနှင့် ရှောက်

သကြားနှင့် မင်းကွတ်သီး

မတ်ပဲနှင့် မုန်လာဥ

ခံသီးနှံင့် ငရုတ်ကောင်း

သံပရာနှင့် ပတဲကော

သပြေသီးနှင့် ထန်းလျက်

ကင်းပိန့်ရွက်နှင့် နှမ်းပတ်နှင်းမုန့်

အင်ဥနှင့် ဝါးမျှစ် တို့သည် အဆိပ်အတောက်ဖြစ်စေလို့ တွဲဖက်မစားသင့်ပါ။

ဝါစေ့ဆီနှင့် ဝက်သား

ကိုင်းဥနှင့် ပုစွန်ချဉ်

ပေရည်နှင့် ဝက်သား

ထန်းရည်ချိုနှင့် ဝက်သား

ပဲဒလက်စေ့နှင့် ဆိတ်သား

ဆူးပန်းရွက်နှင့် ဆိတ်သား

ရှားစောင်းနှင့် ခိုသား

ပီလောပီနံနှင့် ဒေါင်းသား

နနွင်းနှင့် မိကျောင်းသား

စောင်းလျားသီးနှင့် ခိုသား တို့သည်လည်း အသက်ကိုစိုးရိမ်ရသော အတွဲများပင်ဖြစ်ပါသည်။

ဆန့်ကျင်ဘက်အစားအစာစားသောက်မှသာလျှင် လူကို အန္တရာယ်ဖြစ်စေသည် မဟုတ်ပါ။ ဆန့်ကျင်ဘက်သဘော သက်ရောက်စေသော အိုး၊ ခွက်၊ အရာဝတ္ထုတို့နှင့်လည်း အစားအစာတို့ကို မရောစပ်သင့်ပေ။ 

အဓိကလိုအပ်ချက်ဖြစ်တဲ့ အစားအစာများကို စားရာမှာ ကျန်းမာသက်ရှည်စေဖို့တွေးတောပြီး အာဟာရပြည့်တဲ့အစားအစာများကို စားကြဖို့ တိုက်တွန်းလိုက်ရပါသည်။

နည်းပညာများကို ကျော်တင့်ဆွေ၏ “အံ့ဖွယ်ဆေးဖက်ဝင် သဘာဝဟင်းသီးဟင်းရွက်များ” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်