ဥစားကြက်များအတွက် အစားနှင့် ရေ

21/08/2019 21:00 PM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပေးပို့ထားပါသည်။

အစာဖြည့်ဆည်းခြင်း

- ကျွေးမွေးသည့်အစာများသည် ကောင်းမွန်သော ထုတ်လုပ်ခြင်းနည်းစနစ်များကျင့်သုံးသည့် အစာစက်ရုံများမှ ထုတ်လုပ်သည့်အစားများကို အသုံးပြုသင့်သည်။

- မွေးမြူရေးအစာတွင် အသုံးပြုရန်မသင်တော်သည့် ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် အခြားပါဝင်ပစ္စည်းများပါဝင်မှု မရှိစေရ။

- အရည်အသွေးပြည့်မီသည့် အစာကုန်ကြမ်းများ ရောစပ်ကျွေးမွေးရာတွင် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ ရယူသင့်သည်။

- အစာထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ကျွေးမွေးခြင်းစသည့် အဆင့်တိုင်းတွင် ဓာတုဗေဒပစ္စည်းများနှင့် အဏုဇီဝပိုးမွှားများ၏ အစာအရည်အသွေး ပျက်ယွင်းမှုမရှိအောင် ဆောင်ရွက်ရမည်။ 

- အစာကို သက်ဆိုင်ရာလမ်းညွှန်ချက်အတိုင်း သုံးစွဲရမည်ဖြစ်ပြီး လေဝင်လေထွက် ကောင်းမွန်သည့်နေရာတွင် စနစ်တကျ သိုလှောင်ထားရှိရမည်။

- မွေးမြူရေးသုံးပစ္စည်းများနှင့် ဓာတုပစ္စည်းများစာရင်းပြုစုခြင်း

- မွေးမြူရေးခြံတွင် မှတ်ပုံတင်/ခွင့်ပြုတားမြစ်ထားသော မွေးမြူရေးသုံးပစ္စည်းများ စာရင်းရှိရမည်။

- မွေးမြူရေးခြံတွင် မှတ်ပုံတင်/ခွင့်ပြု/တားမြစ်ဓာတုပစ္စည်းများ စာရင်းကို ပြုစုထားရှိရမည်။

ရေအရည်အသွေး

- သန့်ရှင်းသော သောက်သုံးရေ ဖြစ်ရမည်။

- အသုံးပြုသောရေတွင် ဓာတုပစ္စည်းများ၊ အဏုဇီဝပိုးများနှင့် ဓာတ်သတ္တုများပါဝင်မှုသည် ဘေးအန္တရာယ်ကင်းရှင်းသော အခြေအနေတွင် ရှိရမည်။

- ရေသန့်စင်သည့်စနစ်ကို အသုံးပြုခဲ့လျှင်  စံချိန်စံညွှန်းနှင့်အညီသုံးစွဲပြီး မွေးမြူသည့်အကြိမ်တိုင်း ပုံမှန်စစ်ဆေးရမည်။

- ရေပြုပြင်သုံးစွဲပါက နေ့စဉ်စစ်ဆေးပေးရန်လိုအပ်ပြီး မှတ်တမ်းထားရှိရမည်။

- ရေတွင် E.coli နှင့် Fecal Coliform ကဲ့သို့သော ရောဂါပိုးမွှားများ ပါဝင်မှုကို ပုံမှန်စစ်ဆေးရမည်။ 

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်