အဆုတ်ကျန်းမာရေးအတွက် စားသုံးပေးသင့်သော အစားအစာများ

21/07/2021 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

    ကိုဗစ်-19  ဟာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိရှိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဥ်လှုပ်ရှားသွားလာနေရင်း ရောဂါကူးစက်ခံလိုက်ရသည့်အချိန်မှ ကျွန်ုပ်တို့၏ အဆုတ်ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် ပိုခက်ခဲပါလိမ့်မယ်။ ကျန်းမာရေးဆိုင်ရာ အခြေခံအချက်များဖြစ်တဲ့ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ကျဥ်ခြင်း၊ mask (နှာခေါင်းစည်း) တပ်ဆင်ခြင်းတို့အပြင် အချို့သော အစားအစာများ စားသုံးပေးခြင်းဖြင့် အဆုတ်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ရာလည်း ရောက်ပါတယ်။ သင့်ရဲ့အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်လာစေဖို့ အောက်ဖော်ပြပါအစားအစာများကို စားသုံးပေးသင့်ပါတယ်။ 

၁။ သစ်ကြားသီး 

    သစ်ကြားသီးဟာဆိုရင် မဂ္ဂနီစီယမ်ဓာတ် အမြောက်အများ ပါဝင်နေပြီး အဆုတ်အတွင်းမှာရှိတဲ့ ကြွက်သားများရဲ့ ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။ ဒါ့အပြင် Omega-3 fatty acids (အိုမီဂါ ၃ ဖက်တီးအက်စစ်) ပါဝင်နေခြင်းဟာ အဆုတ်ရောင်ရမ်းခြင်းကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာစွမ်းရည်ကို တိုးတက်အောင် ပြုလုပ်ပေးပါတယ်။ 

၂။ ခရမ်းချဥ် 

    ခရမ်းချဥ်မှာ ဆိုရင် Lycopene (လိုင်ကိုပင်) လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေပြီး အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဗီတာမင် စီလည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆုတ်ရောင်ရမ်းတာသက်သာစေပြီး ကိုယ်ခံအားလည်းကောင်းစေပါတယ်။ 

၃။ ကောက်ရိုးမှို 

    ကောက်ရိုးမှိုမှာဆိုရင် ဗီတာမင် ဒီ ပါဝင်နေပြီး အသက်ရှူလမ်းကြောင်းမှာရှိနေတဲ့ ရောင်ရမ်းမှုတွေ၊ ကိုယ်ခံစွမ်းအားနဲ့ အဆုတ်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ 

၄။ ပန်းဂေါ်ဖီစိမ်း 

    ပန်းဂေါ်ဖီစိမ်းစားသုံးခြင်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ရဲ့ဆဲလ်တွေ အဆိပ်သင့် ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ခံစွမ်းအားကောင်းစေပြီး ဖျားနာမှုကင်းဝေးစေပါတယ်။ 

၅။ ကြက်ဥ 

    ကြက်ဥမှာဆိုရင် Omega-3  (အိုမီဂါ ၃) နဲ့ အသားဓာတ်ပါဝင်နေတာကြောင့် အသက်ရှုလမ်းကြောင်းမှာရှိနေတဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ ဗီတာမင် အေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်တွင်းမှာ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပုံမှန်အတိုင်းဖြစ်အောင် ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ 

၆။ ပန်းသီး 

    ပန်းသီးမှာဆိုရင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ပုံမှန်စားသုံးပေးခြင်းဖြင့် အဆုတ်ကျန်းမာရေး ကောင်းမွန်စေပြီး အဆုတ်ကင်ဆာနဲ့ ပန်းနာရင်ကြပ်တို့လို့ ရောဂါမျိုးတွေကိုလည်း သက်သာစေနိုင်ပါတယ်။ 

၇။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ 

    ကြက်သွန်ဖြူ မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာဆိုရင် ပန်းနာရင်ကြပ်ခြင်းနဲ့ အဆုတ်ရောင်ခြင်းတို့ကို သက်သာစေပါတယ်။ ကြက်သွန်နီ မှာတော့ အနည်းလိုအာဟာရဓာတ်တွေနဲ့ ဗီတာမင်ဓာတ်တွေပါဝင်နေပြီး အဆုတ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။ 

၈။ ရေ 

    အထက်ဖော်ပြပါ အစားအစာတွေအပြင် အဆုတ်ကျန်းမာရေးအတွက် ရေလည်း များများသောက်ပေးဖို့ လိုအပ်ပါတယ်။ ရေသောက်ခြင်းဟာဆိုရင် ခန္ဓာကိုယ်တွင်းမှာ သန့်စင်စေရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။  တစ်နေ့ကို ရေပမာဏအားဖြင့် ၈ ခွက်မှ ၁၀ ခွက်အထိ သောက်သုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ်မှာ ပုံမှန် ရေဓာတ်ဖြည့်တင်းပေးခြင်းဖြင့် အဆုတ်ခြောက်သွေ့ခြင်းနဲ့ ရောင်ရမ်းခြင်းများကို သက်သာစေနိုင်ပါတယ်။ 

Source 

- https://www.eatingwell.com/article/7826579/healthy-lungs-food/

- https://www.blallab.com/blog/foods-that-are-good-for-your-lungs/


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်