သွားအတွက်မကောင်းသည့် အစားအစာများ

05/10/2021 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    သွားကို အထူးသဖြင့် ထိခိုက်အန္တရာယ်ဖြစ်စေတဲ့ အစားအသောက်တချို့ရှိပါတယ်။ အဲ့ဒီအရာတွေကိုစားသုံးခြင်းက ပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အောက်မှာပြောထားတဲ့အစားအစာတွေကတော့ စဉ်းစားချင့်ချိန်မှုမရှိဘဲ စားသုံးနေမိတဲ့ နေ့စဉ်အစားအစာတွေပဲဖြစ်ပါတယ်။ တချို့အစားအသောက်တွေက သွားရဲ့ အပူအအေး၊ အချိုအငံ အရသာခံစားမှုပိုဖြစ်စေနိုင်တဲ့ သွားရဲ့ကြွေလွှာတိုက်စားမှု ဖြစ်စေနိုင်ပါတယ်။ အခုခေတ်မှာ သွားတိုက်ဆေးများကြောင့် သွားရဲ့ ရသာခံစားတတ်မှုကို ပျက်ပြယ်သွားစေနိုင်ပါတယ်။

    သို့သော် သွားကြွေပျက်စီးမှု ပိုမိုဆိုးရွားလာပါက ကြာလာတာနဲ့အမျှ သွားမှာ အပေါက်တွေဖြစ်လာပြီး သွားပိုးပေါက်တွေ ဖြစ်ပွားပါတယ်။ ဒီတော့ သွားတွေ ဖာဖို့လိုအပ်လာပါတယ်။ သွားတွေပျက်စီးပါက ဘယ်ဆေးကမှ မူလအခြေအနေအတိုင်း ပြန်ဖြစ်မလာစေတာက ကြောက်စရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ဒီအစားအသောက်တွေကို မစားလို့မရတာကြောင့်ဆိုရင် စားပြီးနောက် ပါးစပ်ကို သေချာပလုတ်ကျင်းဆေးကြောပြီးမှသာလျှင် သွားတိုက်သင့်ပါတယ်။

    သွားကြားရှိ ထမင်းအစအနတွေဖယ်ရှားဖို့ သွားကြားထိုးတံသုံးဖို့ အကြံပြုထားပါတယ်။ သွားဆရာဝန်ဆီ ပုံမှန်ပြခြင်းဖြင့် သွားပျက်စီးမှုမဖြစ်အောင် ထိန်းသိမ်းနိုင်ပြီး အန္တရာယ်ထပ်မံမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ သွားကိုကာကွယ်ဖို့ အဓိကနည်းလမ်းတစ်ခုက ပါးစပါအတွင်း အချိုဓာတ်ကြာကြာမထားဖို့ ဖြစ်ပါတယ်။

သွားကိုပျက်စီးစေတဲ့ အစားအသောက်များ

  • သကြားလုံးများ
  • အက်ဆစ်ဓာတ်များသော အစားအစာများ
  • ဝါးစားနိုင်သည့်ဆေးလုံးများ
  • ကစီဓာတ်ကဲသော အစားအစာများ
  • ဆိုဒါ၊ အချိုရည်များ
  • အရက်၊ ဝိုင်

သွားအတွက် ကောင်းတဲ့ အစားအစာများကတော့

  • ရေ၊ နို့ဖြင့်ပြုလုပ်ထားသည့် အစားအစာများ
  • သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ
  • အခွံမာအသီးများ
  • ဂရင်းတီး

အရေးကြီးတဲ့အချက်ကတော့ 

    ဖျော်ရည်၊ အချိုရည်တွေသောက်ပြီး သို့မဟုတ် အက်ဆစ်ဓာတ်များတဲ့အရာတစ်ခုခု စားပြီးနောက် ချက်ချင်း သွားမတိုက်ပါနဲ့။ တိုက်ပါက သွားကြွေတွေ မြန်မြန်ပျက်စီးစေပါတယ်။ ရေဖြင့် သေချာဆေး၊ နဂိုသွားရည်တွေထွက်လာအောင် နာရီဝက်လောက်စောင့်ပြီးမှ တိုက်ပါ။

Source - My Food Myanmar


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်