လက်ရှိရောင်းနေတဲ့ သင့်ဆိုင်ကို ဒစ်ဂျစ်တယ် ခေတ်မှာ အစိမ်းရောင်လမ်းဖြင့် အွန်လိုင်းပေါ် အခမဲ့ တိုးချဲ့လိုက်ပါ။
အကျိုးကျေးဇူးများ
၁။ အွန်လိုင်းစနစ်နှင့် အချိန်ကုန် လူပင်ပန်းမှု မရှိဘဲ သက်သက်သာသာနှင့် ရောင်းနိုင်မယ်
၂။ မိမိမြို့နယ်အပြင် အခြားမြို့နယ်များမှ တောင်သူများနှင့် အလွယ်တကူချိတ်ဆက် ရောင်းဝယ်နိုင်မယ်
၃။ မိမိဆိုင်ကို ကြော်ငြာထားပြီးသား ဖြစ်မယ်
၄။ အွန်လိုင်းစနစ်ဖြင့် ငွေလက်ခံနိုင်မယ်
ဘယ်လိုလျောက်ထားမလဲ
✅ အစိမ်းရောင်လမ်းမှာ အရောင်းဆိုင် အလုပ်အကိုင် အနေနဲ့ မှတ်ပုံတင်ရပါတယ်။ သင့်ကိုယ်ပိုင်စာမျက်နှာမှာ ပြောင်းနိုင်ပါတယ်။
✅ သင့်ကိုယ်ပိုင်စာမျက်နှာမှာ သင့်၏ ဆိုင်မှတ်တမ်းကို နှိပ်ပါ။
✅ ပေါ်လာသည့် စာမျက်နှာတွင် လျှောက်မည်ဟုသော ခလုတ်ကို နှိပ်ပါ။
✅ ဆိုင်အချက်လက်များကို ဖြည့်ပြီး လျှောက်လွှာတင်လိုက်ပါ။
? ဒါဆိုရင် အစိမ်းရောင်လမ်းမှ အဖွဲ့သားများ လျှောက်လွှာကို စစ်ဆေးပြီး သင့်ဆိုင်ကို အွန်လိုင်းမှာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။
COVID-19 ကာလမှာ တောင်သူများနှင့် စိုက်ပျိုးရေးဆိုင်များ အဆင်ပြေပြေ ဆက်သွယ်နိုင်ဖို့ အစိမ်းရောင်လမ်းအဖွဲ့သားများ အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်။