ကြက်သွန်ဖြူ ကြက်‌ဆေး

31/01/2022 12:25 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ကြက်သွန်ဖြူဟာ လူတွေအတွက် အအေးမိခြင်းနဲ့ တုပ်ကွေးဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်သလို  ကြက်တွေ အတွက်လည်း ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်..။ 

ကြက်သွန်ဖြူကို ရှေးခေတ်အီဂျစ်လူမျိုး‌‌‌တွေက ဆေးအဖြစ် အသုံးပြုခဲ့ကြသလို ယနေ့ခေတ်မှာလည်းကျန်းမာရေးဖြည့်စွက်ဆေးအဖြစ် လူသိများလာပါတယ်..။

ကြက်သွန်ဖြူကို စားသုံး‌ပေးရင် ကင်ဆာရောဂါဖြစ်နိုင်ချေနည်းပြီး နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်..။ ဒါ့အပြင် ကိုလက်စထရောနဲ့ သွေးဖိအားကိုလည်း ‌‌လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူး‌တွေလည်း ရှိတယ်လို့ ဆိုပါတယ်..။

အဲ့လို လူ‌‌တွေအတွက် ကျန်းမာ‌ရေးအကျိုးများတဲ့ ကြက်သွန်ဖြူဟာ ကြက်‌မွေးမြူ‌ရေးမှာလည်း ‌ဆေးအဖြစ် အသုံးတည့်ပြီး ဘယ်လိုမျိုးအသုံးတည့်တာလဲ ဆိုတာကို ‌ဖော်ပြပေးသွားပါမယ်..။

ကြက်သွန်ဖြူဟာဆိုရင် ကြက်‌‌တွေအတွက် ရောဂါပိုး ကူးစက်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ  ပြဿနာတွေကို ကာကွယ်ပေးသလို အစာစားချင်စိတ်နဲ့ကြက်ဥအရွယ်အစားအ‌ပေါ်ကိုလည်း  ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်..။ 

ဘယ်လိုပုံစံနဲ့ အသုံးပြုနိုင်မလဲ..

ကြက်အစားအစာထဲမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်..။ ဒါပေမဲ့ ဘယ်အရာမဆို သေချာပြင်ဆင်ပြီးမှသာ ဂရုပြုလုပ်ဆောင်သင့်လို့ ကိုယ်‌ကျွေးမယ့်အစားအစာကို ကြက်တွေအနေနဲ့ ယဉ်ပါးလာအောင် အရင်ပြုလုပ်ထားသင့်ပါတယ်..။

ဘယ်လို‌နေရာ‌တွေမှာ အသုံးပြုနိုင်သလဲ...

- သေးငယ်တဲ့ဒဏ်ရာတွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေ သက်သာ‌စေဖို့အတွက် ကြက်သွန်ဖြူကို ကြက်ရဲ့အရေပြားမှာ ပွတ်လိမ်းပေးနိုင်ပါတယ်..။

- ကြက်သွန်ဖြူကို ကြိတ်ပြီး အစာထဲမှာ ထည့်ပြီးလည်းအသုံးပြုနိုင်ပါတယ်..။  အဲ့ဒီလို ‌ကျွေး‌‌ပေးရင် ကြက်ရဲ့အူအတွင်းရှိ ကပ်ပါးကောင်တွေကို လျော့ပါးစေပါတယ်..။ ဒါပေမဲ့ တီကောင်စတာတွေနဲ့ ရောမကျွေးဖို့တော့ တားမြစ်လိုပါတယ်..။

- ကြက်သွန်ဖြူထည့်‌ကျွေးမယ်ဆိုရင် ကြက်သွန်ဖြူလေးမြွှာလောက်ကိုပဲ ကြက်သောက်သုံးရေထဲ ထည့်ကာ တစ်ပတ်ကို နှစ်ကြိမ်လောက်ပဲ တိုက်‌ကျွေး‌ပေးပါ..။ နောက်ပြီး တခြားအစာနဲ့ ကြက်သွန်ဖြူအမှုန့်ကို ရော‌‌ကျွေးမယ်ဆိုရင် တခြားအစာမှုန့် ‌ပေါင် ၅၀ ဆိုရင် ကြက်သွန်ဖြူအမှုန့် ၁.၅ ပေါင်နှုန်းနဲ့ ထည့်‌ကျွေးပါ..။ ၂၀ Kg ဆိုရင် ကြက်သွန်ဖြူအမှုန့် ဝ.၆ Kg နှုန်းနဲ့ ထည့်‌ကျွေးရပါမယ်..။ 

အရသာစမ်းသပ်သူတွေက‌တော့  ကြက်သွန်ဖြူ‌ကျွေးတဲ့ ကြက်မတွေရဲ့ ကြက်ဥတွေဟာ ပိုမိုနူးညံ့တဲ့ အရသာရှိတယ်လို့ ပြောကြပါတယ်..။ သုတေသီ‌တွေကတော့ ကြက်သွန်ဖြူဟာ ကြက်ဥနဲ့ ကြက်ချေးတွေမှာ ဆာလ်ဖာပါဝင်မှုကို တစ်နည်းနည်းနဲ့လျော့နည်းစေတယ်လို့ ဆိုပါတယ်..။ 

ကြက်မွေးမြူသူ‌‌တွေအနေနဲ့ ကြက်ခြေထောက်ကို ကြက်သွန်ဖြူနဲ့ ပွတ်တိုက်ပြီး  ကပ်ပါး‌ကောင်တွေကို ကာကွယ်တဲ့‌နေရာမှာလည်း အသုံးပြုနိုင်ပါ‌တယ်တဲ့..။

Ref; Dr.Myo Zaw ၏ "ကြက်မွေးမြူရေးနှင့် ကြက်သွန်ဖြူ" အကြောင်းမှ ကောက်နုတ်ဖော်ပြပါသည်..။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်